◾️ Khit Thit Media၊ Hlaing Info နှင့် AA၊ PDF လက်နက်ကိုင်များအပြင် သံဖြူဇရပ်မြို့နယ်မှ PPP ဥက္ကဋ္ဌ ဒေါ်မြသီတာပါ လေးဦးအား ဖမ်းဆီးသွားသည့် အကြမ်းဖက်သမားများကိုလည်း ထိုဥပဒေဖြင့်ပင် အမှူဖွင့်
နေမိုး
၂၄. ၉. ၂၀၂၅
KNU ဥက္ကဌ စောကွယ်ထူးဝင်းနှင့် စောတောနီးအပါအဝင် ၁၃ ဦး၊ တရားမဝင်ဖွဲ့စည်းထားသည့် Chinland အစိုးရအဖွဲ့မှ ၁၇ ဦးတို့အား ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားခြင်း မှ ကာကွယ်ပေးရေးဥပဒေဖြင့် အမှုဖွင့် အရေးယူထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက အတည်ပြု ထုတ်ပြန်သည်။
၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပမှုကို ပျက်ပြားစေရန် ရည်ရွယ်၍ လူမှုကွန်ရက်စာမျက်နှာများ၊ အများပြည်သူဆိုင်ရာနေရာများ၌ ဟောပြောခြင်း၊ ပြောဆိုခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း၊ စာရေးသားခြင်း၊ ရုပ်ပုံပိုစတာများ ချိတ်ဆွဲခြင်း စသည်တို့ဖြင့် နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းများအား လုံခြုံရေးတပ်ဖွဲ့ ဝင်များက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီး ခြင်းမှကာကွယ်ပေးရေး ဥပဒေနှင့်အညီ စုံစမ်းဖော်ထုတ်ပြီး ထိရောက်စွာ အရေးယူခြင်းများ ဆောင်ရွက်လျက်ရှိသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူလူထုနှင့်ပူးပေါင်း၍ ကျူးလွန်သူများအပေါ် ဥပဒေနှင့် အညီ စုံစမ်းဖော်ထုတ်ခြင်းများ ဆောင်ရွက်ခဲ့ရာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၃ ရက်တွင် ရွေးကောက်ပွဲလုပ်ငန်းစဉ်များ ပျက်ပြားစေရန် လှုံ့ဆော်ခြင်းပြုလုပ်သူ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ဒေါနိုးကူးရပ်ကွက်နေ ပိုင်ပိုင်စိုး(ခ)မျိုးမင်းခန့်(ခ)ပိုင်စိုး(၁၈)နှစ်၊ ဟန်ထွန်းအောင်(ခ)ရဲမင်းကိုကို(ခ) ဟန်ကြီး(၁၈)နှစ်၊ အောင်နိုင်လင်း(၁၇)နှစ်၊ ဖြိုးပိုင်ဇေအောင်(၁၆)နှစ်နှင့် ထွန်းနေဦးလှိုင်(၁၄)နှစ် တို့အား စက်တင်ဘာ ၁၄ ရက်တွင် လွိုင်ကော်မြို့မရဲစခန်း (ပ)၂၁၈/၂၀၂၅ ဖြင့်လည်းကောင်း၊ အလားတူ စက်တင်ဘာ ၁၆ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၌ ရွေးကောက်ပွဲလုပ်ငန်းစဉ်များ ပျက်ပြားစေရန် ဆန္ဒပြ၊ လှုံ့ဆော်ခြင်းပြုလုပ်ခဲ့သူ ရွှေပြည်သာမြို့နယ်၊ အမှတ်(၅) ရပ်ကွက်နေသူများဖြစ်ကြသည့် ရဲသူရအောင်(၃၆)နှစ်၊ ကျော်ဝဏ္ဏ(၂၅)နှစ်၊ ချစ်ဝင်း(၄၅) နှစ်နှင့် ပြေထွန်း(၃၄)တို့အား ရွှေပြည်သာမြို့မရဲစခန်း (ပ)၃၄၇/၂၀၂၅ ဖြင့် လည်းကောင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃ (က) ဖြင့် အသီးသီး အမှုဖွင့်အရေးယူစစ်ဆေးလျက် ရှိကြောင်း သိရသည်။
ထို့အတူ ဩဂုတ် ၁၂ ရက်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များ ပျက်ပြားစေရန် Kayin National Union Facebook Page ၌ ဟောပြောခြင်း၊ ပြောဆိုခြင်းများဖြင့် လှုံ့ဆော်ခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး (Kayin National Union-KNU) အကြမ်းဖက်အဖွဲ့မှ ပဒိုစောကွယ်ထူးဝင်း အား ဩဂုတ် ၂၉ ရက်တွင် လှိုင်းဘွဲ့မြို့မရဲစခန်းက (ပ)၁၃/၂၀၂၅ဖြင့်လည်းကောင်း အရေးယူထားသည်။

ထို့အတူ ဩဂုတ် ၃၀ ရက်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များ ပျက်ပြားစေရန် ဟောပြောခြင်း၊ ပြောဆိုခြင်းများ ပြုလုပ်ခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး (Kayin National Union-KNU) အကြမ်းဖက်အဖွဲ့မှ ပဒိုစောကွယ်ထူးဝင်း (နှစ်မှုမြောက်)၊ ပဒိုစောဆဲဂေ၊ ပဒိုတာဒိုမူး၊ ပဒိုစောသောသီဘွဲ၊ ပဒိုစောလှထွန်း၊ စောဂျော်နီ၊ စောတာမလာသော၊ ပဒိုစောလော်အယ်မူး၊ ပဒိုစောအယ်ကလူစေး၊ ပဒိုနော်ဒါးဒါးနှင့် ပဒိုစောတောနီးတို့ ၁၁ ဦးအား စက်တင်ဘာ ၁ ရက်တွင် လှိုင်းဘွဲ့မြို့မရဲစခန်း (ပ)၁၄/၂၀၂၅ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ယင်းအပြင် ဩဂုတ် ၂၆ ရက်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များ ပျက်ပြားစေရန် ဟောပြောခြင်း၊ ပြောဆိုခြင်းများဖြင့် လှုံ့ဆော်ခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး (Kayin National Union-KNU) အကြမ်းဖက်အဖွဲ့မှ စောဆာပုလဲဒီဝမ်း အား စက်တင်ဘာ ၉ ရက်တွင် လှိုင်းဘွဲ့မြို့နယ်၊ ပိုင်ကျုံနယ်မြေရဲစခန်း (ပ)၆/၂၀၂၅ဖြင့်လည်းကောင်း၊ ဩဂုတ် ၂၇ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာ မြို့နယ်၊ ယင်းဆယ်ကျေးရွာ၊ ဘုန်းကြီးကျောင်း၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူများက မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေး ခြင်းများ ဆောင်ရွက်နေစဉ် Drop Bomb တစ်လုံးဖြင့် ပစ်ချတိုက်ခိုက်ခဲ့သည့် AA အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမား (စိစစ်ဆဲ)များအား စက်တင်ဘာ ၄ ရက်တွင် လေးမျက်နှာမြို့နယ်၊ အိုင်သပြုနယ်မြေရဲစခန်း (ပ)၃၀/၂၀၂၅ ဖြင့်လည်းကောင်း အမှုဖွင့်ခဲ့သည်။
အဆိုပါ အမှုဖွင့်မှုများအပြင် ဩဂုတ် ၃၁ ရက်တွင် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ ပျက်ပြားစေရန် ဟောပြောခြင်း၊ ပြောဆိုခြင်းများ ပြုလုပ်ခဲ့သည့် တရားမဝင်ဖွဲ့စည်းထားသည့် ချင်းပြည်နယ် (Chinland) အစိုးရအဖွဲ့မှ ဦးပါထန်း၊ ဒေါက်တာ ရွှေခါရ်း၊ ဦးထောင်ဇလျန်း၊ ဦးရိုဘင်၊ ဦးစိန်အောင်၊ ဆလိုင်းခရော်စ်ထန်း၊ ဒေါက်တာ ရှရွန်ပါရ်၊ ဦးဆလိုင်းမနားကီး၊ ဆလိုင်းဂျိုးဇက် လားရမ်းလော်မာ၊ ဒေါ်နီဆွီလျန်၊ ဦးမန်အုပ်ခမ်၊ ဦးထန်ကမ်းလျန်၊ ဦးမောင်ဦး၊ ဦးဟာမိုရုန်းလျန်၊ ဦးဇလိုင်းဇထောင်း၊ ဒေါက်တာ တိာနှင်းနှင့် ဦး(ပူး)ဇင်ကျုံးတို့ ၁၇ ဦးအား စက်တင်ဘာ ၄ ရက်တွင် ဟားခါးမြို့မရဲစခန်းက (ပ) ၃၅/၂၀၂၅ ဖြင့် အမှုဖွင့်ခဲ့ကြောင်း သိရသည်။

ထို့အပြင် စက်တင်ဘာ ၄ ရက်တွင် လူမှုကွန်ရက်စာမျက်နှာပေါ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ ပျက်ပြားစေရန် လှုံ့ဆော်ရေးသားဖြန့်ဝေ ခဲ့သည့် “Khit Thit Media” Telegram Channel မှ တာဝန်ရှိသူ(စုံစမ်းဆဲ)အား ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၁)မြို့မရဲစခန်း (ပ)၉၀/၂၀၂၅ ဖြင့်လည်းကောင်း၊ စက်တင်ဘာ ၄ ရက်တွင် လူမှုကွန်ရက်စာမျက်နှာပေါ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ ပျက်ပြားစေရန် လှုံ့ဆော်ရေးသားဖြန့်ဝေ ခဲ့သည့် “Hlaing Info” Telegram Channel မှ တာဝန်ရှိသူ(စုံစမ်းဆဲ)အား ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၁)မြို့မရဲစခန်း (ပ)၉၁/၂၀၂၅ ဖြင့်လည်းကောင်း၊ စက်တင်ဘာ ၅ ရက်တွင် လူမှုကွန်ရက်စာမျက်နှာပေါ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ ပျက်ပြားစေရန် လှုံ့ဆော်ရေးသားဖြန့် ဝေခဲ့သည့် “Ye Bhone” Facebook အကောင့်ပိုင်ရှင်ဖြစ်သူ ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ ပုသိမ်မြေရပ်ကွက်နေ ရဲဘုန်း(ခ)ကျော်မင်း(၄၃)နှစ်အား ဒေါပုံမြို့မရဲစခန်း (ပ)၅၁၆/၂၀၂၅ ဖြင့် လည်းကောင်း၊ စက်တင်ဘာ ၉ ရက်တွင် လူမှုကွန်ရက်စာမျက်နှာပေါ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ ပျက်ပြားစေရန် လှုံ့ဆော်ရေးသားဖြန့်ဝေခဲ့သည့် “U Said Dare Bird” Facebook အကောင့်ပိုင်ရှင်(စိစစ်ဆဲ) အား ကျောက်ဖြူမြို့မရဲစခန်း (ပ) ၁၁၅/၂၀၂၅ ဖြင့် လည်းကောင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားခြင်းမှ ကာကွယ် ပေးရေးဥပဒေပုဒ်မ ၂၃(က) ဖြင့် အသီးသီး အမှုဖွင့်အရေးယူထားကြောင်း၊ စက်တင်ဘာ ၈ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များ ပျက်ပြားစေရန် လှုံ့ဆော်စာ ရေးသားထားသော စာရွက်များဖြန့်ကြဲခဲ့သည့် အမျိုးသား လေးဦးနှင့် အမျိုးသမီး နှစ်ဦး(စုံစမ်းဆဲ)တို့အား မဟာအောင်မြေမြို့နယ်၊ အမှတ်(၇)နယ်မြေရဲစခန်း (ပ)၁၃၆/၂၀၂၅၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားခြင်းမှကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃(ခ) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း၊ စက်တင်ဘာ ၁၀ ရက်တွင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်နှင့် ရေးမြို့နယ်အကြား၌ သထုံမြို့နယ်ပြည်သူ့ရှေ့ဆောင်ပါတီ (People’s Pioneer Party-PPP) ဥက္ကဋ္ဌ ဒေါ်မြသီတာပါ လေးဦးအား ဖမ်းဆီးသွားသည့် အကြမ်းဖက်သမား (စိစစ်ဆဲ)များအား စက်တင်ဘာ ၁၁ ရက်တွင် သံဖြူဇရပ်မြို့မရဲစခန်း (ပ)၁၉၉/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားခြင်း မှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄(ခ) ဖြင့် အမှုရေးဖွင့်ကာ တရားခံများ ဖမ်းဆီးရမိနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
