
၁၉. ၉. ၂၀၂၅
Photo by Tha Doe






ကိစ္စများမြောင် လူတို့ဘောင်ထဲမှာမှ ခဲခက်လှတဲ့ စစ်ပွဲကာလနဲ့ ပျော်မိပါးမိရင်တောင် ဆဲဆိုကြတဲ့ ပတ်၀န်းကျင်ကြီးထဲက မြန်မာလူထုအဖို့ ဝါလကင်းလွတ် သီတင်းကျွတ်ခါနီးရင် တစ်နေကုန်ပင်ပန်းထားသမျှ ပြေအောင် ဘုရားပွဲစျေးလေးတွေ ဥဒဟိုပေါ်လာတတ်တဲ့အထဲ ဒီနှစ်ရဲ့ ပထမဦးဆုံးပွဲစျေးကတော့ ကျွန်းတောလမ်းပွဲစျေးပါ။






ကိုဗစ်ကာလနဲ့ နိုင်ငံရေးအကျပ်ရိုက်မှုကြောင့် လေးနှစ်ကျော်မကျင်းပနိုင်ခဲ့တဲ့ ကျွန်းတောပွဲစျေးကို မနှစ်က စတင်ကျင်းပခဲ့ရာမှာလည်း ဗားကရာလမ်းမကြီးနားကနေ ဟံသာဝတီလမ်းနားအထိ ကျွန်းတောလမ်းတစ်လျှောက် စည်ကားနေမှုဟာ ကြက်ပျံမကျလို့ကို ညွှန်းဆိုရမှာဖြစ်ပြီး စက်တင်ဘာ ၁၆ ရက်ကနေ ၂၀ ရက်နေ့အထိ ကျင်းပနေတာမို့ မနက်ဖြန်ကတော့ နောက်ဆုံးပါ။

