၁၇.၉.၂၀၂၅
Written By Thandar
Trust Entertainment က လူလိမ်ကျားဖြန့်အကြောင်း ပညာပေးဇာတ်လမ်းပုံစံ “ဘဝကိုစားသော ကိန်းဂဏန်းများ” ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲအခမ်းအနားကို စက်တင်ဘာ ၁၆ ရက် ညနေပိုင်းက ရန်ကုန်မြို့ သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
“ပန်ပန်ကတော့ ဒီဇာတ်ကားမှာ လက်ရှိ အသက်အရွယ် ၄၀ ကျော်အတိုင်းလေးပဲပေါ့။ အပျိုကြီးပေါ့နော်။ ကောင်လေးတွေ ရည်းစားတွေထဲက ကျားဖြန့်တွေနဲ့ တွေ့ခဲ့ရတာပေါ့နော်။ တကယ်တော့ ဖြစ်ရပ်မှန်တွေလည်းပါတယ်။ ပညာပေးဇာတ်လမ်းလေးပါ။ ဒီကားကြည့်ပြီ တစ်ထောင့်တစ်နေရာက အသိလေးတွေရရင်ကျေနပ်ပါတယ်”လို့ အကယ်ဒမီ ဆုပန်ထွာက ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း ဇာတ်ညွှန်း ဝေယံလူ၊ တွဲဖက်ဒါရိုက်တာ မင်းသူရ၊ လင်္ကာညို၊ လေးနိုင်စိုး၊ ဒါရိုက်တာ အကယ်ဒမီတင်အောင်စိုး(မန်းမြို့တော်)က ရိုက်ကူးပြီး သရုပ်ဆောင်တွေဖြစ်တဲ့ ထက်အောင်ရှိုင်း၊ တေဇလင်းရောင်၊ တေဇာကျော်၊ ဟင်နရီစံ၊ ဝေလာရီ၊ စုလင်းရှိန်၊ ထွန်းပုလဲရတနာ၊ ချိုမဒီသွင်၊ အကယ်ဒမီ ခန့်စည်သူ၊ အကယ်ဒမီစိုးမြတ်သူဇာ၊ ခိုင်နှင်းဝေ၊ ဆုပန်ထွာ၊ အကယ်ဒမီချမ်းသာကြည်စိုးစတဲ့သူတွေ ပါဝင်ထားကြပါတယ်။
“ ဘဝကိုစားသော ကိန်းဂဏန်းများ”ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် စက်တင်ဘာလ ၁၉ရက်နေ့မှာ မြန်မာတစ်ပြည်လုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသမှာဖြစ်ပါတယ်။
#HtetAungShine #SuPanHtwar
#WaiLarRi #HtunPearlYadanar
#trustentertainment
#ဘဝကိုစားသောကိန်းဂဏန်းများ
#TheKillingCode









