၁၆.၉.၂၀၂၅
Translated by Htwe Ko Tun
တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့ရဲ့လေတပ်တွေက Falcon Strike လို့ အမည်ပေးထားကြတဲ့ နှစ်နိုင်ငံလေတပ်ဖွဲ့တွေရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဆက်တိုက်လေးနှစ်မြောက်အဖြစ် ထိုင်းနိုင်ငံအတွင်း စက်တင်ဘာလလယ်ပိုင်းမှ လကုန်ပိုင်းအထိ ပြုလုပ်သွားမယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာလ ၁၅ ရက်က ကြေညာခဲ့ပါတယ်။
တရုတ်စစ်ဘက်ကျွမ်းကျင်သူတစ်ဦးကလည်း ဒီပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်တာက နှစ်နိုင်ငံအကြား အပြန်အလှန်ယုံကြည်အားထားမှုနဲ့လက်တွေ့အကျိုးသက်ရောက်တဲ့ ပူးပေါင်းဆောင်ရွက်မှုရဲ့ ရောင်ပြန်ဟပ် ပေါ်ထွက်လာမှုဖြစ်ပြီး နှစ်နိုင်ငံစလုံးက စစ်တပ်တွေမှာ နည်းပညာပိုင်းဆိုင်ရာနဲ့ နည်းဗျူဟာပိုင်း စွမ်းဆောင်နိုင်မှုတွေ တိုးတက်လာမယ်လို့ ဆိုခဲ့ပါတယ်။
Falcon Strike လေတပ် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ထိုင်းနိုင်ငံအတွင်း ပြုလုပ်မှာဖြစ်လို့ တရုတ်နိုင်ငံအနေနဲ့ လေယာဉ်အမျိုးမျိုး၊ လေကြောင်းကာကွယ်ရေးမြေပြင်တပ်ဖွဲ့တွေနဲ့ တခြားတပ်ဖွဲ့တွေပါ ပို့ပေးပြီး ပါဝင်သွားမယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကြေညာချက်က ဆိုပါတယ်။
Falcon Strike လေတပ် ပူးတွဲစစ်ရေးလေ့ကျင့်မှုာအရင်အကြိမ်တွေကို ၂၀၂၂ ခုနှစ် ဩဂုတ်လ၊၂၀၂၃ ခုနှစ် ဇူလိုင်လနဲ့ ၂၀၂၄ ခုနှစ် ဩဂုတ်လ တို့မှာ ပြုလုပ်ခဲ့ပြီး အားလုံးကို ထိုင်းလေတပ် အခြေစိုက်စခန်းတစ်ခုမှာ ပြုလုပ်ခဲ့တာပါ။
Falcon Strike 2024 တုန်းက တရုတ်လေတပ်မှ J-10 C ဂျက်တိုက်လေယာဉ်တွေအပါအဝင် လေယာဉ်မျိုးစုံပါဝင်ခဲ့ပြီး ထိုင်းလေတပ်ကလည်း JAS 39 Gripen တိုက်လေယာဉ်တွေ ပါဝင်လေ့ကျင့်ခဲ့ပါတယ်။
Ref- Global Times
