
၁၄.၉.၂၀၂၅
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ရေနံသာကျေးရွာ၊ ပုလဲ(၂)ရပ်ကွက်၊ အင်ကြင်းလမ်းရှိ TK ကြိမ်လက်မှုထည်အလုပ်ရုံ ဆေးမှုတ်ခန်းတွင် စက်တင်ဘာ ၁၃ ရက် နံနက် ၈ နာရီ ၂၅ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ရာ ဘရိတ်ကာတွင် တပ်ဆင်ထားသော ဝါယာကြိုးအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားရခြင်းဖြစ်ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။

၁၅ မိနစ်ခန့်ကြာသော မီးလောင်မှုကြောင့် ၁၀ ပေ ပတ်လည် သွပ်မိုး၊ သွပ်ကာ ကွန်ကရစ်ခင်းမြေစိုက်အဆောက်အအုံနှင့် ကြိမ်ထည်ပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၅ စီး၊ ရေသယ်ယာဥ် ၃ စီး၊ သန္ဓေအရန် မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ငြှိမ်းသတ်ခဲ့ရာ နံနက် ၈ နာရီ ၄၀ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် အသက် ၄၅ နှစ်အရွယ် မန်နေဂျာ အမျိုးသမီးကို ထောက်ကြန့်နယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
