၁၃.၉.၂၀၂၅
Written By Thandar
ပရိသတ် ချစ်ခင်မှုများစွာရရှိနေတဲ့ ငယ်ဇင်ဆိုတဲ့ မင်းသား ဟိန်းဝေယံနဲ့ စိုးပြည့်သဇင်တို့ စုံတွဲလေးကတော့ မင်္ဂလာပွဲကို ၆ ပွဲအထိ ကျင်းပသွားမယ်လို့ သရုပ်ဆောင်ဟိန်းဝေယံက ဖွင့်ဟလာပါတယ်။
‘စိုးပြည့်က မင်းသမီးမို့ဆိုတာထက် အသားအရည်ကောင်းတဲ့အထဲမှာလည်း ပါပါတယ်။ စိုးပြည့်က မဆိုးပါဘူး။ တစ်ခါတစ်လေ စိတ်ကောက်တာတွေ ဘာတွေရှိတာပေါ့။ မင်္ဂလာပွဲက ပထမ ၅ ပွဲ ကျင်းပဖို့ပါ။ ဒါပေမယ့်လည်း ၆ ပွဲကျင်းပဖို့ဖြစ်သွားတယ်။ ပထမ စ,စချင်းက မင်္ဂလာပွဲက ၅ ပွဲပဲ စိုးပြည့်လည်း သိထားတာပါ။ စဉ်းစားရင်းမှ ခုလို့တွေးရင်း ဖြစ်သွားတာပါ။ ကျွန်တော်တို့ တိုင်ပင်ပြီးတော့ လုပ်မှာပါ။ ကျွန်တော်ကယောက်ျားလေးမို့ စိုးပြည့်ကမိန်းကလေးမို့ သူ့ရဲ့ရွေးချယ်မှုကို ဦးစားပေးမှာပါ”လို့ သရုပ်ဆောင် ဟိန်းဝေယံက ပြောပါတယ်။
သူတို့ဟာ စက်တင်ဘာ ၁၂ ရက် ညပိုင်းက ရန်ကုန်မြို့ ဒေါက်တာ ဇဲလ်လိုရဲ့ Skin & Bling ရဲ့ သက်တမ်း ၆ နှစ်ပြည့်မှာ Photo ကြော်ငြာလေး ရိုက်ကူးပေးခဲ့တာဖြစ်ပါတယ်။ ငယ်ဇင်တို့ ချစ်သူစုံတွဲရဲ့ ချစ်သူသက်တမ်းက ၆ နှစ်ပြည့် Anniversary နဲ့ တိုက်ဆိုင်ခဲ့တယ်လို့ သိရပါတယ်။
မကြာခင် သရုပ်ဆောင် ဟိန်းဝေယံနဲ့ စိုးပြည့်သဇင်တို့ ချစ်သူစုံတွဲကတော့ မင်္ဂလာပွဲကျင်းပမယ့် အစီအစဉ်တွေကို ချစ်ရတဲ့ ပရိသတ်တွေကို ပြန်လည်အသိပေးသွားမယ်လို့ ဆိုပါတယ်။
#HeinWaiYan #SoePyaeThazin #MyanmarActor #MyanmarCeleWedding #SkinandBling #စိုးပြည့်သဇင် #ဟိန်းဝေယံ #ဒေါက်တာဇဲလ်လို #NgeZin



