၁၂. ၉. ၂၀၂၅
Written by Thettant
ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီပြည်နယ်၊ စံခလှဘူရီမြို့နယ်မှ ဒေသခံများက ယနေ့ စက်တင်ဘာလ ၁၂ ရက် နံနက် ၁၁ နာရီ ၃၅ မိနစ်ခန့်တွင် မြန်မာရွှေ့ပြောင်းလုပ်သား (၂) ဦးနှင့် အမျိုးသမီး (၁) ဦး၊ စုစုပေါင်း (၃) ဦးတို့၏ ပုပ်ပွ ရုပ်အလောင်းများကို ဝဇီရာလောင်ကွန်းတမံအတွင်း တွေ့ရှိခဲ့ကြောင်း သက်ဆိုင်ရာအာဏာပိုင်များသို့ အကြောင်းကြားခဲ့သည်။

ဒေသခံများပြောကြားမှုအရ စက်တင်ဘာ ၉ ရက် ည ၈ နာရီခွဲခန့်တွင် လူ ၂၂ ဦးခန့်ပါသော မြန်မာလုပ်သားများက ရေလှောင်တမံတစ်လျှောက် ရွက်လွှင့်ကာ သောင်းဖာဖုမ်နှင့် လောင်ဖလောင်ခရိုင်ရှိ ကျေးရွာအုပ်စု နှစ်ခုစလုံးတွင် ဆင်းသက်ခဲ့ကြောင်း သတင်းရင်းမြစ်များက ဆိုသည်။
အဆိုပါ သေဆုံးသူ (၃) ဦးသည် စက်တင်ဘာလ ၉ ရက်နေ့ညက ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်ရန် ကြိုးပမ်းခဲ့သော မြန်မာလုပ်သား (၂၂) ဦးအုပ်စုတွင် ပါဝင်ခဲ့သည်ဟု ယူဆရသည်။

လူကုန်ကူးသူများက ထိုအဖွဲ့ကို ဝဇီရာလောင်ကွန်းဆည် ရေလှောင်တမံကို ဖြတ်၍ သောင်းဖာဖုမ်မြို့နယ်ဘက်သို့ လှေဖြင့် ပို့ဆောင်ပေးခဲ့စဉ် ရေအောက်မှ သစ်ငုတ်တစ်ခုကို တိုက်မိခဲ့ပြီး လုပ်သား (၃) ဦး ရေထဲပြုတ်ကျကာ ရေနစ်သေဆုံးခဲ့ခြင်းဖြစ်ဖွယ်ရှိကြောင်း ကနဦး စစ်ဆေးမှုများအရ သိရသည်။
လက်ရှိတွင် မြန်မာလုပ်သားသုံးဦး၏ ရုပ်အလောင်းများကို စံခလှဘူရီဆေးရုံသို့ တင်ပို့ထားကာ မှုခင်းဆိုင်ရာစစ်ဆေးမှုများ လုပ်ဆောင်နေပြီး အသေးစိတ်ဖြစ်စဉ်နှင့် ကျန်ခိုးဝင်သူများကို ဆက်လက် ရှာဖွေနေကြောင်း သိရသည်။
Ref, Khaosod , Line
