၁၁.၉.၂၀၂၅
Written By Thandar
N.O.T Film Production က အချစ်၊ အလွမ်း၊ အက်ရှင်၊ ကြည်နူးဖွယ်ပုံဖော်ထားတဲ့ “နှောင်ကြိုးဝိုင်း” ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲအခမ်းအနားကို စက်တင်ဘာ ၁၀ ရက် ညနေပိုင်းက ရန်ကုန်မြို့ သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
“ကျွန်တော်တို့ လက်ဝှေ့ကို အခြေခံရိုက်ကူးထားတဲ့ ဇာတ်ကားကို လာမယ့် စက်တင်ဘာ ၁၂ ရက်မှာ ရုံတင်ပြသခွင့်ပေးလို့ ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။ ဒီကားက စရိုက်ခါစ,က ရုံတောင်တင်နိုင်ပါ့မလားလို့ စိုးရိမ်ခဲ့ရတယ်။ ကျွန်တော်တို့တွေ ကြိုးစားထားမှုကို လာမယ့် ၁၂ ရက်မှာ ခံစားရမို့ အရမ်းကို စိတ်လှုပ်ရှားတယ်။ မင်းသားရဲလှိုင်ရဲ့ ပထမဦးဆုံးခေါင်းဆောင်နေရာရော ထုတ်လုပ်ရေးလည်း အသစ်ဖြစ်လို့ စိတ်ပူမိခဲ့တာပါ။ သပ်သပ်ရပ်ရပ်လေး ရိုက်ကူးထားတာမို့ ရုံတင်အားပေးကြပါဦးလို့ပြောချင်ပါတယ် ”လို့ ဒါရိုက်တာ သီဟစိုးက ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဇာတ်ညွှန်း Zaw Min Soul၊ ဇာတ်လမ်းနဲ့ ဒါရိုက်တာ Thiha Soul က ၂၀၂၄ ခုနှစ်အတွင်း အချစ်၊ အလွမ်း၊ အက်ရှင်၊ ကြည်နူးဖွယ်ရာအဖြစ် ရန်ကုန်၊ ပုဂံဘက်မှာ ရိုးရာလက်ဝှေ့တွေနဲ့ အကောင်းဆုံးပုံဖော်ခဲ့တယ်လို့ သိရပါတယ်။
အဓိကသရုပ်ဆောင်တွေအနေနဲ့ ရဲလှိုင်၊ တေဇလင်းရောင်၊ အကယ်ဒမီ မေမြင့်မိုရ်၊ အကယ်ဒမီ ဇော်ဦး၊ ရွှန်း၊ ရဲမင်း၊ ရဲမာန်၊ ဆရာလုံးချောတို့နဲ့ တခြားအနုပညာရှင်တွေက ပါဝင်ထားကြပါတယ်။
“နှောင်ကြိုးဝိုင်း” ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် စက်တင်ဘာ ၁၂ ရက်နေ့မှာ မြန်မာတစ်ပြည်လုံးရှိ ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသမှာ ဖြစ်ပါတယ်။
#YeHlaing #TayzaLinYaung #MayMyintMo #ZawOo #Shoon #YeMin #YeMann #LaineChaw #နှောင်ကြိုးဝိုင်းရုပ်ရှင်ဇာတ်ကားကြီး #ရိုးရာလက်ဝှေ့ #NKW #Lethwei








