
နေမိုး
၇.၉. ၂၀၂၅
တပ်မတော်ကို နိုင်ငံတကာနှင့် ဒေသတွင်း နိုင်ငံများက ပေးအပ်သည့် စစ်ရေး၊ နိုင်ငံရေး၊ ငွေကြေးနှင့် လက်နက်အကူအညီ ပြန်လည်ရရှိနေမှုကြောင့် ဝမ်းနည်းနေရသည်ဟု NUG ယာယီသမ္မတ ဒူဝါလရှီးလက ခုခံတော်လှန်စစ် လေးနှစ်မြောက်နေ့ဖြစ်သည့် ယနေ့ စက်တင်ဘာ ၇ ရက်တွင် ဝမ်းနည်းစွာပြောသည်။
NUG နှင့် PDF တပ်မတော်၏ ခြေတံလက်တံများ ချိနဲ့သွားအောင် ရိုက်ချိုးနိုင်ခဲ့သည်ဟုလည်း ဆိုပြီး ထိုအခြေအနေမှ ဝမ်းနည်းစရာကောင်းသည့်ဖြစ်ရပ်မှာ တပ်မတော်ကို နိုင်ငံတကာနှင့် အိမ်နီးချင်းနိုင်ငံများက ကူညီနေမှုဖြစ်ကြောင်းကို ဒူဝါလရှီးလက “ကျွန်တော်တို့ ဟာ ယခုအခြေအနေမှာ ဝမ်းနည်းစရာ ဖြစ်ရပ်တချို့နဲ့ကြုံတွေ့ ဖြတ်သန်းနေရပါတယ်။ အဲဒါကတော့ အသက်ထွက်ပြိုဆင်းဖို့ တာဆူနေတဲ့ မြန်မာစစ်တပ်ဟာ ဒေသတွင်းနိုင်ငံတွေရဲ့ စစ်ရေး၊ နိုင်ငံရေး၊ ငွေကြေးနဲ့ လက်နက်အကူအညီတွေကို ပြန်လည်ရရှိနေတာပဲဖြစ်ပါတယ်။” ဟု ဒူဝါလရှီးလက ပြောသည်။
နွေဦးတော်လှန်ရေးစတင်ချိန်မှ ယနေ့အချိန်အထိ ကျောင်းသားကျောင်းသူများအပါအဝင် ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ဆရာဆရာမ၊ နိုင်ငံ့ဝန်ထမ်း ၁၂၀၀ ခန့်အပါအဝင် ပြည်သူ ၁၀၀၀၀ ခန့်မှာ “ဒလန်၊ သူလျှို၊ သတင်းပေး၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင် ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD,CRPH, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရပြီး NUG ကျရှုံးရခြင်းမှာ ထိုသို့သော လက်နက်မဲ့ပြည်သူများကို အကြမ်းဖက်သတ်ဖြတ်ခြင်းကို ဦးဆောင် လုပ်ကိုင်ခဲ့ခြင်းကြောင့်ဖြစ်သည်။
ထို့အပြင် NUG ထိပ်ပိုင်းတာဝန်ရှိသူများက ပြည်ပထွက်ပြေးကာ တော်လှန်ရေးလှူသော အလှူငွေများ ကိုယ်ကျိုးသုံး ခိုးယူခြင်း၊ လုပ်ငန်းများထူထောင်ခြင်း၊ မယားငယ်ထားခြင်း၊ သောက်စားမူးယစ်မှု ပြဿနာများထွက်ပေါ်ခြင်း၊ အာဏာအလွဲသုံးစားလုပ်ခြင်း၊ PDF အပါအဝင် ပသုံးလုံးများ၏ မုဒိမ်းမှု၊ လူသတ်မှု၊ လုယက်မှု၊ ပြန်ပေးဆွဲမှု၊ သယံဇာတခိုးထုတ်မှု၊ ဆက်ကြေးကောက်မှု၊ ဓားပြတိုက်မှုဖြစ်စဥ်များကို အရေးမယူမှုတို့ကြောင့် လေးနှစ်မပြည့်မီကာလအတွင်း ခုခံတော်လှန်စစ်ပြိုဆင်းသွားပြီး ယခုလို ဝမ်းနည်းစရာအခြေအနေကို ဒူဝါလရှီးလကိုယ်တိုင် ဝန်ခံလာခြင်းဖြစ်သည်။
