၆. ၉. ၂၀၂၅
Written by Nyein Kyaw
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံးခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်စီးပွားရေးလုပ်ငန်းရှင်များအား ယနေ့ ဒေသစံတော်ချိန် နေ့လယ်ပိုင်းတွင် ချန်ဒူးမြို့ ရှန်ဂရီလာဟိုတယ်၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ တွေ့ဆုံချိန် မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံနိုင်မည့် အခြေအနေများ၊ စွမ်းအင်ကဏ္ဍဆိုင်ရာကိစ္စရပ်များ၊ အခွန်ကိစ္စရပ်များ၊ ပို့ကုန်/သွင်းကုန်လုပ်ငန်းကိစ္စရပ်များ၊ ဥပဒေရေးရာကိစ္စရပ်များအပြင် အခြားစီးပွားရေးလုပ်ငန်း နယ်ပယ်များအတွက် တရုတ်လုပ်ငန်းရှင်များက မေးမြန်းခဲ့မှုအပေါ် ယာယီသမ္မတဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြန်လည်ဖြေကြားပေးခဲ့သလို သက်ဆိုင်ရာဝန်ကြီးများကလည်း ဖြေကြားပေးခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် အလုပ်သဘောခရီးစဉ် ရောက်ရှိနေသည့် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ဒေသစံတော်ချိန် နံနက်ပိုင်းတွင် ချန်ဒူးမြို့ရှိ China Southwest Architectural Design and Research Institute Corporation သို့လည်း သွားရောက်လေ့လာခဲ့သည်။





