




၅.၉.၂၀၂၅
Written By Thandar
ယနေ့ စက်တင်ဘာ ၅ ရက် နံနက်ပိုင်းက ထိုင်းနိုင်ငံမှာကျင်းပမယ့် Miss International Queen 2025 ပြိုင်ပွဲကြီးအတွက် မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် MJ Pan Aung ဟာ ရန်ကုန်မြို့အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စတင်ထွက်ခွာခဲ့ပါတယ်။
“ MJ က အများကြီးကြိုးစားထားပါတယ်။ Body ရော Language ပိုင်းရော အစစအရာရာပေါ့။ Evening Ground က အစပါ။ ကြိုးစားထားတာမို့ အရမ်းလည်းရင်ခုန်စိတ်လှုပ်ရှားမိတယ်။ Owner ကလည်း ထိုင်းမို့ ထိုင်းဘာသာစကားနည်းနည်းသင်ထားပါတယ်။ သူတို့ဘာသာစကားကို Communication ဖြစ်အောင်လုပ်ထားပါတယ်”လို့ Miss International Queen Myanmar 2025 အလှမယ် M J Pan Aung က ပြောပါတယ်။
အဆိုပါ ပြိုင်ပွဲကိုတော့ ယနေ့ စက်တင်ဘာ ၅ ရက်နေ့မှ စက်တင်ဘာ ၂၀ ရက်နေ့အထိ ထိုင်းနိုင်ငံ Pattaya မှာကျင်းပမယ့် Miss International Queen 2025 မှာ နိုင်ငံတကာကိုယ်စားပြု Transgender အလှမယ်တွေ ဝင်ရောက်ယှဉ်ပြိုင်ကြမှာလည်းဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာတော့ လာအို၊ ပီရူး၊ တရုတ်၊ အင်ဒိုနီးရှား၊ Ecuador ၊ မက္ကဆီကို၊ Cuba ၊ ဘရာဇီး၊ Czech Republic၊ USA၊ ဂျပန် စတဲ့ နိုင်ငံအသီးသီးက Transgender တွေနဲ့အတူ မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် M J Pan Aung က ဝင်ရောက်ယှဉ်မှာဖြစ်ပါတယ်။
“အကပိုင်းမှာ နည်းနည်းကတတ်တဲ့အထဲပါတော့ အရမ်းကြီး ဆိုးဆိုးရွားရွားမရှိပါဘူး။ NC ကလည်း မြန်မာနိုင်ငံကို ကိုယ်စားပြုသွားမို့ အဲလိုပုံစံလေးတွေ့ရမှာပါ။ တိုင်းရင်းသားပေါင်းစုံရဲ့ အငွေ့အသက်တွေလည်းပါတဲ့ ဝတ်စုံတွေ၊ မြန်မာဝတ်စုံတွေလည်း ယူသွားပါတယ်။ National Costume ပိုင်းကိုလည်း MJ အကောင်းဆုံး ကြိုးစားထားတယ်ပြောချင်ပါတယ်။ မြန်မာနိုင်ငံအတွက် ဆုကြီးကြီးတစ်ခုယူလာပေးမယ်လို့ ပြောချင်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။
