၂. ၉. ၂၀၂၅
Written by Nyein Kyaw
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယသမ္မတ H.E Mr.Han Zheng တို့သည် ပေကျင်းမြို့၊ ကျောက်ယွိထိုင်နိုင်ငံတော်ဧည့်ဂေယာတွင် သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် အလုပ်သဘောခရီးစဉ် ရောက်ရှိနေသည့် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဩဂုတ် ၃၁ ရက်နှင့် စက်တင်ဘာ ၃၁ ရက်အထိ နှစ်ရက်ကြာ ပြုလုပ်ခဲ့သည့် SCO SUMMIT 2025 Plus သို့ တက်ရောက် ဆွေးနွေးမှု၊ တရုတ်သမ္မတရှီကျင့်ဖိန်နှင့်လည်း သီးသန့်တွေ့ဆုံဆွေးမှုအပြင် အခမ်းအနား တက်ရောက်လာသည့် အခြားနိုင်ငံ့ခေါင်းဆောင်များနှင့်လည်း သီးခြားတွေ့ဆုံဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး ပေကျင်းမြို့တွင် ကျင်းပမည့် တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်းနှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ရန် ယနေ့ နံနက်ပိုင်းတွင် တီယန်ကျင်းမြို့မှ ပေကျင်းမြို့သို့ အမြန်ရထားဖြင့် ထွက်ခွာလာခဲ့ခြင်းဖြစ်သည်။



