၃၁.၈.၂၀၂၅
Written By Zun
ထိုင်းနိုင်ငံ၊ ဆူရတ်ဌာနီခရိုင်အတွင်း မြန်မာနိုင်ငံသားတစ်ဦးက အမျိုးသမီးအတွင်းခံကိုခိုးယူနေ သောကြောင့် ဖမ်းဆီးခံရမှုတစ်ခု ယနေ့ သြဂုတ်လ ၃၁ ရက်တွင် ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်း သတင်းများတွင် ဖော်ပြကြသည်။

ဆူရတ်ဌာရီခရိုင်၊ ကော့ဖငန်မြို့နယ်၊ အမှတ် (၁)၊ ကော့ဖငန်ကျေးရွာဘက်တွင် ထိုင်းရဲတပ်ဖွဲ့ဝင်များ ကင်းလှည့် နေချိန် မသင်္ကာဖွယ်ရာ အမျိုးသားတစ်ဦး လမ်းဘေး၌ တစ်ယောက်တည်း လမ်းလျှောက်နေသည်ကို တွေ့ ရှိသည့်အတွက် ခေါ်ယူစစ်ဆေးစဉ် အတွင်းခံလှည့်လည်ခိုးသူကို ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံရသူမှာ အသက် ၂၈ နှစ်အရွယ် မြန်မာနိုင်ငံသား ထွန်းလူ ဆိုသူဖြစ်ပြီး ယင်းကို ကော့ဖငန်မြို့နယ်၊ အမှတ် (၁) ပြည်သူ့လမ်းမကြီးဘေးတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
တရားခံကို ရှာဖွေရာ မူးယစ်ဆေးဝါး အမျိုးအစား (စိတ်ကြွဆေးပြား ၁၂ ပြား) ၊ ဘောင်းဘီအိတ်ကပ်အတွင်း အဝါရောင် G-string အတွင်းခံတစ်စုံ တွေ့ရှိခဲ့ကြောင်း၊ ထို့အပြင် နိုင်ငံကူးလက်မှတ်လည်း မရှိသူ ဖြစ်ကြောင်း သိရသည်။

အဆိုပါ စိတ်ကြွဆေးပြားများကို အမည်မသိ မြန်မာသူငယ်ချင်းတစ်ဦးထံမှ ဆေးပြား ၁၅ ပြား အတွက် ထိုင်းဘတ် ၅၀ ပေး၍ ဝယ်ယူခဲ့ကာ ၃ လုံးသောက်သုံးပြီးဖြစ်ကြောင်း မြန်မာနိုင်ငံသားက ထွက်ဆိုကြောင်း သိရ သည်။
အလားတူ ၎င်းအနေဖြင့် စိတ်ကြွဆေးသောက်ပြီး လိင်စိတ်ဆန္ဒ မြင့်မားလာသောကြောင့် အတွင်းခံဘောင်းဘီကို အနံ့ခံရန် ခိုးယူခြင်းဖြစ်ကြောင်း ထွက်ဆိုထားသည်။
ယခုအခါ ကော့ဖငန် မြို့မရဲစခန်းတွင် ထွန်းလူဆိုသူကို မူးယစ်ဆေးဝါး တရားမဝင် သုံးစွဲမှု၊ ခွင့်ပြုချက်မဲ့ ထိုင်းနိုင်ငံအတွင်း ဝင်ရောက်မှုတို့ဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။
