
နေမိုး
၃၀. ၈. ၂၀၂၅
ပန်းရောင်းနေသူအမျိုးသမီးကြီးတစ်ဦးကို မုံရွာမှ Area 71 PDF အဖွဲ့က ရက်စက်စွာ ဓားဖြင့်ထိုးသတ်နေသည့်ရုပ်သံ ယနေ့တွင် လူမှုကွန်ရက်၌ ထွက်ပေါ်လာသည်။
Area 71 Defense Force ဟု ရေစာထိုးထားသည့် အဆိုပါရုပ်သံတွင် လမ်းဘေးပန်းထိုင်ရောင်းနေသည့် အသက် ၅၀ ခန့်အမျိုးသမီးကြီးကို Area 71 အဖွဲ့ဝင် PDF တစ်ဦးက ဓားဖြင့် ရက်စက်စွာ မသေမချင်းထိုးသတ်နေသည်ကို တွေ့ရသည်။
MT News စုံစမ်းချက်အရ ထိုဖြစ်စဥ်ကို Area 71 PDF အဖွဲ့က အမှန်တကယ်ကျူးလွန်ခဲ့ခြင်းဖြစ်ပြီး သတ်ဖြတ်ခံရသူမှာ တောပုရွာမှ ဒေါ်စန်းစန်းဝင်းဆိုသူဖြစ်ပြီး သတ်ဖြတ်သည့်နေရာမှာ မုံရွာမြို့ မိတ်ဆက်စျေးနေရာတွင် ဖြစ်ကာ သတ်ဖြတ်သည့်အချိန်မှာ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၁ ရက်နံနက်ပိုင်းဖြစ်သည်။
လက်နက်မဲ့ပန်းရောင်းသူအမျိုးသမီးကြီးကို မုံရွာမြို့ မိတ်ဆက်စျေးအလယ်၊ လူစည်ကားချိန်နံနက်ပိုင်းတွင် Area 71 PDF အဖွဲ့က သတ်ဖြတ်ရသည့်စွပ်စွဲချက်မှာ ဒေါ်စန်းစန်းဝင်းသည် ပျူစောထီးဟု စွပ်စွဲသတ်ဖြတ်ခြင်းဖြစ်ပြီး ထိုစွပ်စွဲချက်မှာ မှန်ကန်ခြင်းမရှိဟုလည်း သိရသလို Area 71 PDF အဖွဲ့ကလည်း ဒေါ်စန်းစန်းဝင်းသည် ပျူစောထီးဖြစ်သည်ဟု သက်သေပြနိုင်ခြင်းမရှိချေ။
