၃၀. ၈. ၂၀၂၅
Written by Nay Moe
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်မှာ မနေ့ညက ညသန်းခေါင်အချိန် နာရေးအိမ်မှာ ပြုလုပ်တဲ့ ဖဲဝိုင်းမှာ ဖဲကစားသူအချင်းချင်း အငြင်းပွား ဓားထိုးမှုဖြစ်ရာက အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေရဲ့ ကနဦးသတင်းတွေအရ သိရပါတယ်။
ဖြစ်စဥ်က ဩဂုတ် ၂၈ ရက် ည ၁၁ နာရီကျော်အချိန် စမ်းချောင်းမြို့နယ်၊ ဝေဠုဝန်မြောက်ရပ်ကွက်၊ ဦးညိုလမ်းသွယ် (၃) လမ်းက နာရေးအိမ်တစ်ခုမှာ ဖဲဝိုင်းပြုလုပ်ချိန် ဖဲကစားသူချင်း ရန်ဖြစ်စကားများရာက အသက် ၄၀ ကျော် ၅၀ ခန့် အမျိုးသားတစ်ဦး ဓားထိုးခံခဲ့ရတာပါ။
ဒီဓားထိုးမှုဖြစ်စဥ်မှာ ဓားထိုးခံရသူကို ကူညီသူမရှိသလို ကျူးလွန်သူလို့ ယူဆရသူ ဦးညိုလမ်းသွယ် (၃) လမ်းမှာနေသူတစ်ဦးက ဓားထိုးခံရတဲ့ ကွက်သစ်မှာ နေထိုင်တယ်ဆိုသူကို ဆဲဆိုနေတာကြောင့် ဓားထိုးခံရသူက သွေးအလွန်အကျွံထွက်နေတာ လူမှုကွန်ရက်မှာ တွေ့မြင်ရပါတယ်။ ဓားထိုးခံရသူကို အနာဂတ်အလင်းတန်းပရဟိတအသင်းက လိုအပ်တဲ့မြေပြင်ကုသမှု ပြုလုပ်ပြီး ရန်ကုန်ဆေးရုံကြီးအရေးပေါ်ဌာနကို အခမဲ့ပို့ဆောင်ကူညီပေးခဲ့ပေမယ့် သွေးထွက်လွန်နေတဲ့ ရရှိဒဏ်ရာတွေကြောင့် ဆေးရုံအရောက် သေဆုံးသွားတယ်လို့ သိရပြီး သေဆုံးသူအမျိုးသားမှာ မူကြိုအရွယ်ရင်သွေးငယ်ရှိတယ်လို့လည်း ရပ်ကွက်တွင်းနေသူတချို့က မှတ်ချက်ပြုပြီး ဒီဖြစ်စဥ်အသေးစိတ်အခြေအနေနဲ့ တရားခံဖမ်းဆီးအရေးယူမှုအပေါ် MT News က တာဝန်ရှိသူတွေထံ ဆက်သွယ်မေးမြန်းအတည်ပြုနေပါတယ်။






