


၂၉.၈.၂၀၂၅
Written By Zun
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တူးမြောင်းတိုက်နယ်ဆေးရုံတွင် ဦးခေါင်း နှစ် လုံးပါကလေးငယ် ယေကျ်ားလေးတစ်ဦး မွေးဖွားခဲ့ကြောင်း ကူညီကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။
အဆိုပါကလေးငယ်အား မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ရေကျော်ကျေးရွာ အုပ်စု၊ နံကပ်ကျေးရွာနေ အသက် (၃၀)နှစ်အရွယ် အမျိုးသမီးတစ်ဦးက တူးမြောင်းတိုက်နယ်ဆေးရုံတွင်ဩဂုတ်လ ၂၇ ရက် နံနက် (၈) နာရီခွဲ အချိန်တွင် မွေးဖွားခဲ့ခြင်းဖြစ်သည်။
ထို့နောက် လိုအပ်သည့် ကုသမှုခံယူရန် အဆိုပါ ဦးခေါင်းနှစ်လုံးပါ ကလေးငယ်အား လပွတ္တာမြို့နယ် လူမှုကယ်ဆယ်ရေးအဖွဲ့က ရန်ကုန်ဗဟို အမျိုးသမီး ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
“ကလေးအမေက အသက် ၃၀ လောက်ပဲ ရှိသေးတယ်။ မြောင်းမြခရိုင် ရေကျော်ကျေးရွာအုပ်စုထဲက နံကပ်ရွာကပါ။ အမျိုးသမီးဆေးရုံကို ပို့ခဲ့ကြတာတဲ့။ အဲဒီကနေ အခု လက်ရှိတော့ ရန်ကုန်က ရန်ကင်း ကလေးဆေးရုံကို ပြောင်းရွှေ့ထားတယ်လို့ သိရပါတယ်။ ကလေးတွေ အသက်ရှင်ရေးက နယ်မှာ အဆင်မပြေဘူးလေ”ဟု မြောင်းမြ ဒေသခံတစ်ဦးက MT News ကို ပြောသည်။
