၂၈.၈.၂၀၂၅
Written By Thandar
Lucky 10 Production က ဒရာမာနဲ့ ရသစုံဇာတ်လမ်းပုံစံ “ထိကရုန်း” The Shame Plant ရုပ်သံဇာတ်လမ်းတွဲ ကန်တော့ပွဲပေးပွဲအခမ်းအနားကို ယနေ့ ဩဂုတ် ၂၈ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ အလုံမြိုနယ်ရှိ အိမ်တော်ရာဘုရားမှာ ကျင်းပခဲ့ပါတယ်။
“ကျွန်တော့်အနေနဲ့ ထိကရုန်းဇာတ်လမ်းတွဲမှာ တစ်ခါမှမလုပ်ဘူးတဲ့ ရဲမာန်ဆိုတဲ့ ကာရိုက်တာပေါ့နော်။ ကျွန်တော့်အနေနဲ့ အများကြီးလည်း ပြင်ဆင်ရတဲ့ကာရိုက်တာတစ်ခုပါ။ ဒီကားထဲမှာက အိမ်ထောင်သည် အမျိုးသားတစ်ယောက်။ အပြင်မှာက တကယ့်ကို လူပျိုလေးဆိုတော့လေ။ အတွေ့အကြုံကလည်း မရှိသေးဘူးဆိုတော့ ရှေ့က အိမ်ထောင်သည် အစ်ကို အစ်မတွေကို လေ့လာနေရပါတယ်။ ဇာတ်အတိုင်းဆိုရင် ငိုစရာအကြောင်းအရာလေးတွေပါတယ်”လို့ သရုပ်ဆောင် ဟိန်းသီဟ က MT Entertainment ကို ပြောပါတယ်။
အဆိုပါ ဇာတ်လမ်းတွဲမှာ ဇာတ်လမ်း ဇာတ်ညွှန်း ဖြိုးသဉ္ဇာကျော်၊ တွဲဖက်ဒါရိုက်တာ ဝင့်ဥမ္မာကျော်၊ ဒါရိုက်တာ သားညီက ရသစုံပါဝင်မယ့် ဇာတ်လမ်းလေးကို လာမယ့် စက်တင်ဘာလအတွင်းရိုက်ကူးပုံဖော်သွားမယ်လို သိရပါတယ်။
သရုပ်ဆောင်တွေဖြစ်တဲ့ ဟိန်းသီဟ၊ ယုသန္တာတင်၊ သံသာညီ၊ အကယ်ဒမီ မင်းဦး၊ အကယ်ဒမီ ခင်ဇာခြည်ကျော်၊ ဧကရီစုစံ၊ အနှစ်၊ မေမီလင်း၊ အောင်ခိုင်၊ ဝါဝါအောင်နဲ့ အနုပညာရှင်များစွာပါဝင်ကြမှာဖြစ်ပါတယ်။
#HeinThiha #YuThandarTin #ThandarNyi #MinOo #KhinZarKyiKyaw
#ထိကရုန်းဇာတ်လမ်းတွဲ #TheShamePlant #Lucky10 #MyanmarActor #MyanmarCele









