၂၈.၈.၂၀၂၅
Translated by Htwe Ko Tun
အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်အတွင်းကို စိမ့်ဝင်လာတဲ့ ပါကစ္စတန်အကြမ်းဖက်လက်နက်ကိုင်သုံးဦးကို ဖမ်းဆီးမိခဲ့တယ်လို့ ဘီဟာပြည်နယ် ရဲတပ်ဖွဲ့ဌာနချုပ်က ဩဂုတ်လ ၂၈ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဘီဟာပြည်နယ်ရဲတပ်ဖွဲ့က အကြမ်းဖက်တွေက နီပေါနိုင်ငံကနေတစ်ဆင့် ဘီဟာပြည်နယ်အတွင်း ဝင်ရောက်လာကြတာလို့ ပြောခဲ့ပြီး ခုလို အကြမ်းဖက်သမားတွေ နိုင်ငံအတွင်းစိမ့်ဝင်လာမှုကို အထူးသတိပြုကြဖို့ ကြေညာခဲ့ပါတယ်။
အကြမ်းဖက်သမားသုံးဦးက ရာဝါလ်ပင်ဒီမြို့နေ ဟတ်စ်နိန်း အလီ၊ ယူမာကော့မြို့နေ အဒီလ်ဟတ်စိန်နဲ့ ဘဟာဝါလ်ပူရ်မြို့နေ မိုဟာမက် အတ်စ်မန်တို့ ဖြစ်တယ်လို့လည်း ရဲတပ်ဖွဲ့ကြေညာချက်က ဆိုပါတယ်။
ရဲတပ်ဖွဲ့က အကြမ်းဖက်သမားသုံးဦးရဲ့ ပုံကြမ်းတွေကိုလည်း ထုတ်ပြန်ခဲ့ပြီး သူတို့က ပါကစ္စတန်က အစ္စလမ္မစ်ဂျီဟတ် စစ်သွေးကြွအုပ်စုဖြစ်တဲ့ Jaish-e-Mohammed အဖွဲ့ က ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
သူတို့သုံးဦးဟာ နီပေါနိုင်ငံမြို့တော် ခတ္တမန္ဒူမြို့ကို ဩဂုတ်လ ဒုတိယပတ်က ရောက်လာခဲ့ကြပြီး ဘီဟာပြည်နယ်အတွင်း ဩဂုတ်လ နောက်ဆုံးပတ်မှာ ဝင်ရောက်လာခဲ့ကြတာလို့ ရဲတပ်ဖွဲ့က ဆက်လက်ပြောခဲ့ပါတယ်။
သူတို့ကိုဖမ်းမိခဲ့တဲ့အတွက် ဒီနှစ်ကုန်မှာ အထွေထွေရွေးကောက်ပွဲတွေကျင်းပဖို့ရှိတဲ့ ဘီဟာပြည်နယ်အတွင်းမှာလည်း လုံခြုံရေးကိုအထူးတိုးမြှင့်လာခဲ့တယ်လို့ သိရပါတယ်။
Ref-NDTV
