


၂၆.၈.၂၀၂၅.
Translated by Htwe Ko Tun
တရုတ်ပြည်သူ့သမ္မတနိုင်ငံဟာ နိုင်ငံရဲ့ ၁၄ ကြိမ်မြောက် ငါးနှစ်စီမံကိန်းကာလ (၂၀၂၁-၂၀၂၅) အတွင်းမှာ ကမ္ဘာ့အကြီးဆုံး လျှပ်စစ်မော်တော်ကား (EV) အားသွင်းကွန်ရက်ကို ထူထောင်နိုင်ခဲ့တယ်လို့ တာဝန်ရှိသူတစ်ဦးက ဩဂုတ်လ ၂၆ ရက်မှာ ပြောကြားခဲ့ပါတယ်။
အမျိုးသားစွမ်းအင်စီမံခန့်ခွဲရေးအသင်းရဲ့ အကြီးအကဲဖြစ်တဲ့ယန်ဟုန်ကျိ(Wang Hongzhi) ကသတင်းစာ ရှင်းလင်းပွဲတစ်ခုမှာ တရုတ်နိုင်ငံအနေနဲ့ ကမ္ဘာ့ အကြီးမားဆုံးနဲ့ အလျင်မြန်ဆုံး ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် လျှပ်စစ်ကားအားသွင်းစနစ်ကို တည်ဆောက်နိုင်ခဲ့ပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နည်းပညာ အသုံးပြုမှုက နိုင်ငံအတွင်း ၄၀ ရာခိုင်နှုန်းကနေ ၆၀ ရာခိုင်နှုန်းကို မြင့်တက်လာတယ်လို့လည်းဆိုခဲ့ပါတယ်။
တရုတ်နိုင်ငံက လျှပ်စစ်ကားမော်တော်ကားထုတ်လုပ်မှုကဏ္ဍမှာ ဦးဆောင်နေတဲ့နိုင်ငံဖြစ်ပြီး ကမ္ဘာပေါ် မှာမောင်းနှင်လည်ပတ်နေတဲ့ လျှပ်စစ်ကားတွေရဲ့ ထက်ဝက်ခန့်ကလည်း တရုတ်နိုင်ငံမှာအသုံးပြုနေတာ ပါ။ တရုတ်နိုင်ငံအတွင်း ၂၀၂၃ ခုနှစ်ကုန်အထိ လျှပ်စစ်ကား သန်း ၂၀ ကျော်ရှိတယ်လို့ စာရင်းဇယားများက ဆိုပါတယ်။
ဒီလိုတိုးတက်လာတဲ့ လျှပ်စစ်ကားတွေအတွက် အားသွင်းတိုင်တွေကလည်း ၂၀၂၅ ခုနှစ် မေလအထိ နိုင်ငံတစ်ဝန်း ၁၄ ဒသမ ၄ သန်းအထိ ရှိလာတယ်လို့ သိရပါတယ်။ ဒါက အားသွင်းတိုင်တစ်ခုလျှင် လျှပ်စစ် ကားနှစ်စီးသာ ပျမ်းမျှတာဝန်ယူပေးရတဲ့အထိ တရုတ်နိုင်ငံရဲ့ လျှပ်စစ်မော်တော်အား အားသွင်းကွန်ရက်ကကြီးမားလာခဲ့တာလို့ ဆိုရမှာပါ။
Ref- Xinhua
