နေမိုး
၂၆. ၈. ၂၀၂၅
ရခိုင်အကြမ်းဖက်လက်နက်ကိုင် AA နယ်မြေလုယက် သိမ်းယူတပ်စွဲထားသော မြောက်ဦးမြို့မှ AA အခြေစိုက်စခန်းကို တပ်မတော်က ယမန်နေ့ညအချိန် ဗုံးကြဲမှုကြောင့် AA လက်နက်ကိုင် အရွယ်ကောင်း အမျိုးသား ၁၂ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။
ယမန်နေ့ ဩဂုတ် ၂၅ ရက် ည ၁၁ နာရီကျော်အချိန်တွင် AA အခြေစိုက်ရာ မြောက်ဦးမြို့၊ အောင်တပ်အုပ်စု၊ ဒိုင်းကျီရပ်ကွက်ကို ပေါင် ၅၀၀ ဗုံးဖြင့် နှစ်ကြိမ် ဗုံးနှစ်လုံးကြဲခဲ့ရာမှ AA စခန်းပေါ် တည့်တည့်ကျပြီး အရွယ်ကောင်းအမျိုးသား ၁၂ ဦးထက်မနည်း သေဆုံးခဲ့သလို လူ ၃၀ ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
“AA လက်နက်ကိုင်တွေ အဆောင်ပေါ် တည့်တည့်ကျတာ။ သေကုန်တာက AA က ရခိုင်စစ်သားတွေချည်းပဲ။ ထုတ်တဲ့ပုံတွေကြည့်လိုက်။ အရွယ်ကောင်းအမျိုးသားတွေချည်း သေပြီး ဒဏ်ရာရတာပဲ မိန်းမတွေ၊ ကလေးတွေပါတာ။ ရခိုင်မှာ ဒီလိုမျိုး ယောကျ်ားတွေချည်း စုနေတဲ့နေရာက AA တွေနဲ့ သူ့မိသားစုပဲ။ ကျန်တဲ့မြို့ခံတွေက အကုန်ပြေးနေရတာကြာပြီ”လို့ MT News ရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
ရခိုင်သတင်းဌာနတွေက သေဆုံးသူတွေဟာ အရပ်သားတွေလို့ လိမ်လည်ဖော်ပြနေပေမဲ့ MT News တွေ့ရှိရတဲ့ပုံမှာတော့ သေဆုံးသူတွေဟာ အငယ်ဆုံးက ဆယ်ကျော်သက်တစ်ဦးပဲပါပြီး ကျန်သူတွေက အသက် ၂၀ နဲ့ ၄၀ ကြား အရွယ်ကောင်းအမျိုးသားတွေဖြစ်လို့ ဒီတိုက်ခိုက်မှုက AA တပ်စခန်းပေါ် တည့်တည့်ထိမှန်တယ်လို့ အတည်ပြုပြီး သေဆုံးသူ ထပ်မံတိုးလာနိုင်တယ်လို့လည်း သိရပါတယ်။
Photo – CJ


