၂၅.၈.၂၀၂၅
Written By Thandar
ဟောင်ကောင်-အာဆီယံဖောင်ဒေးရှင်းက စီစဉ်ကျင်းပတဲ့ ၂၀၂၅ ခုနှစ် အာဆီယံရုပ်ရှင်ပွဲတော်ကို ဩဂုတ်လ ၈ ရက်ကနေ ၃၁ ရက်အထိ ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသမှာ ကျင်းပလျက်ရှိရာ မြန်မာနိုင်ငံက စိုင်းစိုင်ခမ်းလှိုင်နဲ့ဝတ်မှုန်ရွှေရည်တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ “ချစ်သူသာ ပန်းတစ်ပွင့် ဖြစ်ခဲ့လျှင်”ရုပ်ရှင်ဇာတ်ကား ပါဝင်ပြသခဲ့ရပါတယ်။
အဆိုပါပွဲတော်မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ ရပ်ဝန်းနှင့် ပိုးလမ်းမ (၄) နိုင်ငံဖြစ်ကြတဲ့ အီဂျစ်နိုင်ငံ၊ ဟန်ဂေရီနိုင်ငံ၊ ကာဇတ်စတန်နိုင်ငံနဲ့ တူရကီနိုင်ငံတို့က စုစုပေါင်း ရုပ်ရှင်ဇာတ်ကား ၂၄ ကားကို ပါဝင်ပြသတာ ဖြစ်ပါတယ်။
ဟောင်ကောင်အထူး အုပ်ချုပ်ရေးဒေသရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးက ၂၀၂၅ ခုနှစ် အာဆီယံရုပ်ရှင်ပွဲတော်မှာ ပါဝင်ဆင်နွှဲခဲ့ပြီး ဩဂုတ် ၁၇ ရက် နေ့လယ် ၃ နာရီမှာ ဟောင်ကောင်ဒေသ၊ Central ရှိ Entertainment အဆောက်အအုံ၊ Emperor ရုပ်ရှင်ရုံမှာ “ချစ်သူသာပန်းတစ်ပွင့် ဖြစ်ခဲ့လျှင်” မြန်မာရုပ်ရှင်ဇာတ်ကားကို ပါဝင်ပြသခဲ့တယ်လို့ သိရပါတယ်။
“ချစ်သူသာ ပန်းတစ်ပွင့်ဖြစ်ခဲ့လျှင်”ရုပ်ရှင်ဇာတ်ကားကြီးကတော့ ၂၀၂၄ ခုနှစ်အတွက် အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆုနဲ့ Taurus V ရုပ်ရှင်ထုတ်လုပ်ရေးက အကယ်ဒမီရရှိခဲ့တာလည်းဖြစ်ပါတယ်။
Taurus V ထုတ်လုပ်ရေးက အချစ်ဒရာမာဇာတ်လမ်းပုံစံ “ချစ်သူသာပန်းတစ်ပွင့်ဖြစ်ခဲ့လျှင်” ရုပ်ရှင်ဇာတ်ကားကြီးမှာ သရုပ်ဆောင် အကယ်ဒမီ စိုင်းစိုင်းခမ်းလှိုင်၊ အကယ်ဒမီ ၀တ်မှုန်ရွှေရည်၊ အကယ်ဒမီ မင်းဦး၊ မင်းသူ၊ အကယ်ဒမီ ခင်ဇာခြည်ကျော်၊ အကယ်ဒမီ ခင်မို့မို့အေး၊ ထူးခြား၊ ဆင်မ၊ ဇော်မှိုင်း၊ ကျော်ထက်၊ ဈူးဈူးဈာန်၊ ဂရိတ်ချမ်း စတဲ့သူတွေ ပါဝင် ထားကြပါတယ်။
ဒီရုပ်ရှင်ပြပွဲကို မြန်မာကောင်စစ်ဝန်ချုပ်ရုံးနဲ့ ဟောင်ကောင်-အာဆီယံ ဖောင်ဒေးရှင်းက တာဝန်ရှိသူတွေ၊ ဟောင်ကောင်ဒေသရှိ အာဆီယံကောင်စစ်ဝန်ချုပ်ရုံးတွေက ကိုယ်စားလှယ်တွေ၊ ဟောင်ကောင်ဒေသရှိ မြန်မာနိုင်ငံသား စိတ်ပါဝင်စားသူတွေက လာရောက်ကြည့်ရှုအားပေးခဲ့ကြတယ်လို့ ဆိုပါတယ်။
#၂၀၂၅အာဆီယံရုပ်ရှင်ပွဲတော် #SaiSaiKhamLeng #WuttHmoneShweYi #မြန်မာနိုင်ငံ #ချစ်သူသာပန်းတစ်ပွင့်ဖြစ်ခဲ့လျှင်ရုပ်ရှင်ဇာတ်ကား #ifmyloverwereaflower #TaurusVProduction
#ချစ်သူသာပန်းတစ်ပွင့်ဖြစ်ခဲ့လျှင်





