၂၃. ၈. ၂၀၂၅
Photo Tha Doe
ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီတည်ထောင်ခြင်း ၇ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကို တာမွေမြို့နယ်က Sky Star ဟိုတယ်မှာ ဒီနေ့မနက် ကျင်းပနေပါတယ်။
ဒီအခမ်းအနားမှာ လာမယ့် ၂၀၂၅ ရွေးကောက်ပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ယှဥ်ပြိုင်ဖို့ ကြိုးစားနေတဲ့ ဦးကိုကိုကြီးတို့ ပြည်သူ့ပါတီက ဖိတ်ကြားထားတဲ့ နိုင်ငံရေးပါတီတွေ၊ NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့အစည်းတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ ဒေါက်တာအေးမောင်၊ ဒေါက်တာညိုညိုသင်း၊ V V Chen စတဲ့ လူသိများသူတွေလည်း တက်ရောက်လာတာ တွေ့ရပါတယ်။








