
၂၂. ၈. ၂၀၂၅
Written by Nay Moe
ချောင်းဦးမြို့နယ်၊ မုံရွာ-စစ်ကိုင်းသွား ကားလမ်းမပေါ်၌ အရပ်သားပြည်သူများ စီးနင်းလိုက်ပါလာသည့် ရွှေမြန်မာ ခရီးသည်တင် မော်တော်ယာဉ် ၁ စီးအား PDF များက လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ယာဉ်မောင်း ၁ ဦး သေဆုံးပြီး ခရီးသွားပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဖြစ်စဉ်မှာ မုံရွာမြို့မှ မန္တလေး မြို့ဘက်သို့ ထွက်ခွာလာသော ယာဉ်မောင်း ဦးသန်းဌေးလင်း မောင်းနှင်ပြီး ယာဉ်နောက်လိုက်ဖြစ်သူ ဦးမြတ်စိုးသူနှင့် ခရီးသွား ပြည်သူ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၆ ဦးစီးနင်း လိုက်ပါလာသည့် ရွှေမြန်မာယာဉ်လိုင်းမှ ခရီးသည်တင်မော်တော်ယာဉ်သည် ယနေ့နံနက် ၉ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ နတ်ရေကန်ကျေးရွာနှင့် ဂွေးပင်တောကျေးရွာအကြားသို့ အရောက်၌ PDF များက လက်နက်ငယ်များဖြင့် အကြောင်းမဲ့ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသဖြင့် ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် နယ်မြေလုံခြုံရေး လုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ PDF များ၏ လက်နက်ငယ်များဖြင့်ပစ်ခတ်ခဲ့မှုကြောင့် ယာဉ်မောင်းဖြစ်သူ ဦးသန်းဌေးလင်း တွင် လက်နက်ငယ်ကျည်ထိမှန်ဒဏ်ရာများရရှိကာ မော်တော်ယာဉ်ပေါ်တွင် သေဆုံးလျက်ရှိသည်ကို တွေ့ရှိရပြီး ခရီးသွားပြည်သူ အမျိုးသား ၁ ဦးထိခိုက်ဒဏ်ရာရရှိလျက် ရှိကြောင်း တွေ့ရှိရသဖြင့် အဆိုပါဒဏ်ရာရရှိသူအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ချောင်းဦးမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေလျက်ရှိကြောင်း သိရှိရ သည်။

ထိုသို့ အပြစ်မဲ့အရပ်သားပြည်သူများ စီးနင်းလိုက်ပါလာသည့် ခရီးသွား မော်တော်ယာဉ်အား ဆင်ခြင်တုံတရားမဲ့စွာ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည် ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ် များအား တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

