၂၂.၈.၂၀၂၅
Written By Thandar
Nova Motion ရုပ်ရှင်ထုတ်လုပ်ရေးက “ကျူးက ကြယ် (လွင့်ပြယ်သွားသောအိပ်မက်များ)” ဇာတ်လမ်းတွဲ ကန်တော့ပွဲပေး အခမ်းအနားကို ယနေ့ ဩဂုတ်လ ၂၂ ရက် နံနက်ပိုင်းက ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ ကျိုက္ကစံဘုရားအနီးရှိ ကျိုက်ဒေးရုံဘုရားမှာ ကျင်းပခဲ့ပါတယ်။
“ကျွန်တော်က ကျူးက ကြယ်မှာ လူမှန်းမသိအောင် မူးနေတဲ့ဇာတ်ကနေ စတည်ထားတာဆိုတော့လေ။ ဇာတ်လေးက မိုက်တယ်။ အဓိက ကျောင်းဆရာတစ်ယောက်ဆိုပေမယ့် မိန်းမတွေကို စိတ်နာပြီးတော့ ကျူးထဲရောက်သွားတာပေါ့။ ကံကောင်းတာ တစ်ခုက အမြဲတမ်းကျူးနေသူဆိုရင်တော့ တော်တော်လေးကို လေ့လာရမှာပေါ့နော်။ ဘဝကိုစိတ်နာပြီး ရောက်လာတာပါ။ ဇာတ်လေးက တော်တော်လေးကို ကောင်းပါတယ်”လို့ သရုပ်ဆောင် မင်းတော်ဝင်က ပြောပါတယ်။
အဆိုပါဇာတ်လမ်းတွဲကို ဇာတ်လမ်း၊ ဇာတ်ညွှန်း သက်ထင်၊ တွဲဖက်ဒါရိုက်တာ ဆူးခက်မင်း၊ ဒါရိုက်တာ ရာဇဝင်ကိုတို့က ရိုက်ကူးပြီး သရုပ်ဆောင်တွေဖြစ်တဲ့ မင်းဝောာ်ဝင်၊ ခွန်းည၊ ပိုင်အိမ်ခ၊ ဆောင်းယွန်းစံ၊ ဝင်းဖန့်ကြည်ဝင်း၊ သော်တာလှိုင်ထွန်းနဲ့ တခြားအနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်သွားမှာပဲ ဖြစ်ပါတယ်။
“ဒီဇာတ်လမ်းတွဲမှာ ကိုမင်းတော်ဝင်ရဲ့ Ex ပေါ့နော်။ သူ့ကို အသည်းခွဲသွားတဲ့ ကောင်မလေးတစ်ယောက်အနေနဲ့ မြင်ရမှာပါ။ ကာရိုက်တာ နာမည်က သော်တာဖြူဆိုတဲ့ ဇာတ်ကောင်လေး ရိုက်ရမှာပါ။ ဒီကားမှာ အများကြီးငိုရမှာတွေ ပါပါတယ်။ ညီမက အဒေါ်@ဆောင်းယွန်းစံနဲ့အတူတူကို အပြိုင်သရုပ်ဆောင်ရမှာပါ။ တူအရီးနှစ်ယောက် ဖက်ရှင်တွေပြိုင်ရမယ်ထင်ပါတယ်။ ကာရိုက်တာပြင်ဆင်မှုတွေကိုလည်း အဒေါ်က သေချာသင်ပေးပါတယ်။ ပရိတ်သတ်အကြိုက်တွေ့စေမယ့် ဇာတ်လမ်းတွဲလေးပါ ”လို့ သရုပ်ဆောင် သော်တာလှိုင်ထွန်းက ပြောပါတယ်။
#မင်းတော်ဝင် #MinTawWin #MinThu #ThawdarHlaingTun #သော်တာလှိုင်ထွန်း
#ကျူးကကြယ်ဇာတ်လမ်းတွဲ
#MyanmarActor #MyanmarCele



