၂၂.၈.၂၀၂၅
Written By Thandar
လတ်တလောမှာ သရုပ်ဆောင် မင်းသမီး ဆုအိမ့်စံနဲ့ Pre Wedding Package ကြော်ငြာပုံတွေကြောင့် မင်းသမီးကို တော်တော်လေးအားနာမိသလို လက်ရှိမှာ တကယ့်သတို့သမီးကတော့ ရှာနေဆဲပါလို့ အဆိုတော် စီစဉ်တင်ဆက်သူ ကျော်သူလင်းက ဖွင့်ဟလာပါတယ်။
“တကယ်တော့ ဒီ Pre Wedding Package ကြော်ငြာရိုက်ခဲ့တာပါ။ ခုလို အကုန်လုံးကလည်း ဝိုင်း Share ကြတာမို့လေ မဆု@ဆုအိမ့်စံကို တော်တော်လေးကို အားနာရပါတယ်။ ကိုယ့် မောင်နှမအချင်းချင်းတွေပါ။ ပရိသတ်တွေ ချစ်ပေးလို့ ကြည့်ရှုရတယ် ပျော်ရပါတယ်။ မထင်မှတ်ဘဲ ဒီပုံလေးက အရမ်းပေါက်သွားတော့ အားလုံးက ဝိုင်းမေးကြတယ်။ မင်္ဂလာသတင်းများလားဆိုပြီး သူငယ်ချင်းတွေကလည်း ဖုန်းတွေဆက်တယ်။ စာတွေပို့ကြတယ်လေ။ ပရိသတ်တွေ ချစ်ပေးတာကို ကြည်နူးရပါတယ်။ ကိုယ်ရဲ့ တကယ့်သတို့သမီးကို ရှာနေဆဲပါ။ ကျွန်တော့်အနေနဲ့ လူပျိုဘဝက မကျွတ်သေးပါဘူး”လို့ အဆိုတော် စီစဉ်တင်ဆက်သူ ကျော်သူလင်းက ပြောပါတယ်။
အဆိုပါ ပုံတွေကိုတော့ ကျော်သူလင်းနဲ့ ဆုအိမ်စံတို့က ဗီယက်နမ်ဖက်ရှင်ပုံစံနဲ့ Yesterday Once More က ရိုက်ကူးပုံဖော်ခဲ့တာ ဖြစ်ပါတယ်။ သူကတော့ Pre Wedding Package ကို ရိုက်ကူးပုံဖော်ခဲ့ပေမယ့် လူတိုင်းက လက်ရှိခေတ်ကာလအရ မျိုးစုံခေါင်းစဉ်တပ်ကြတဲ့အပေါ်မှာ အားနာမိတယ်လို့ ဆိုပါတယ်။
“ဆုတို့က ကြော်ငြာလေး ရိုက်ထားတာပါလို့ ”သရုပ်ဆောင် ဆုအိမ့်စံကလည်း ပရိသတ်ကို ပြန်လည် အသိပေးလာပါတယ်။
#ကျော်သူလင်း #KyawThuLin #ဆုအိမ့်စံ #SuEaintSan #MyanmarMC #PreWedding #WeddindPackage









