
၂၀. ၈. ၂၀၂၅
Written by Nyein Kyaw
လွှတ်တော်အသီးသီးအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်းတင်သွင်းခြင်း၊ ရုပ်သိမ်းခြင်း၊ စိစစ်ခြင်းတို့နှင့် စပ်လျဉ်းသည့် နေ့ရက်များ သတ်မှတ်ကြေညာခြင်းအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ကြေညာချက်အမှတ် (၅၇ / ၂၀၂၅) ဖြင့် ယနေ့တွင် အသိပေးထုတ်ပြန်ထားသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ ၁၆ ပါလုပ်ပိုင်ခွင့်များကို ကျင့်သုံးလျက် လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ်များအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းအား ၂၀၂၅ ခုနှစ် စက်တင်ဘာ ၈ ရက်တွင် စတင်တင်သွင်းနိုင်ကြောင်း ဖော်ပြထားသည်။
လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းလွှာများကို ရုပ်သိမ်းလိုက ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နောက်ဆုံး၍ ရုပ်သိမ်းရမည်ဖြစ်သည်။
PR မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်သည့် နိုင်ငံရေးပါတီတစ်ခုအနေဖြင့် မိမိပါတီ ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးအတွက် အမည်စာရင်း အစားထိုးပြန်လည် တင်သွင်းရမည့် တင်သွင်းလွှာကို ရုပ်သိမ်းပါက ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်မှစတင်ပြီး စက်တင်ဘာလ ၁၇ ရက်နောက်ဆုံးထား တင်သွင်းရမည်ဖြစ်သည်။
တင်သွင်းလာသည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းလွှာများအား ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်မှ အောက်တိုဘာလ ၄ ရက်အထိ စိစစ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
