
၂၀. ၈. ၂၀၂၅
Translated by Thettant
ထိုင်းနိုင်ငံ၊ တက်ခ်ပြည်နယ်၊ မဲဆောက်မြို့က ရတ်ချာ့မနူ စစ်ဆင်ရေးတပ်ဖွဲ့ဝင်တွေဟာ ခရိုင်ရဲတပ်ဖွဲ့နဲ့ ဖော့ဖရာမြို့နယ်က ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့အတူ မြန်မာ-ထိုင်းနယ်စပ်အနီးက မိုကာထိုင်းရွာအဆုံးမှာ ဒီဇယ်ဆီ မှောင်ခိုပို့ဆောင်ဖို့ ကြိုးစားနေတဲ့ ကုန်တင်ကား ၆ စီးကို တားဆီး ဖမ်းဆီးခဲ့ပါတယ်။
ဒီကုန်တင်ကား ၆ စီးဟာ ဆယ်ဘီးကားတွေဖြစ်ပြီး တစ်စီးဆီမှာ ဒီဇယ်လီတာ ၁၀,၀၀၀ စီကို ရွက်ဖျင်တွေနဲ့ ဖုံးအုပ်ပြီး သယ်ဆောင်လာတာ ဖြစ်ပါတယ်။ ဒီ စစ်ဆေးတားဆီးမှုအတွင်း စုစုပေါင်း ဒီဇယ်ဆီ လီတာ ၆၀,၀၀၀ ကို ဖမ်းဆီးရမိခဲ့ပါတယ်။

ကားမောင်းသူတွေကတော့ အဲဒီဒီဇယ်ဆီတွေကို မြန်မာနိုင်ငံကို ပို့ဆောင်ဖို့အတွက် ငှားရမ်းတာခံထားရတယ်လို့ ဝန်ခံခဲ့ပါတယ်။
အာဏာပိုင်တွေက ကားတွေနဲ့ ဒီဇယ်ဆီတွေကို သိမ်းဆည်းခဲ့ပြီး ကားမောင်းသူတွေကိုတော့ ဖော့ဖရာရဲစခန်းကို ပို့ဆောင်ပြီး တရားစွဲဆိုအရေးယူသွားမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ၊ မြဝတီဒေသမှာ လောင်စာဆီပြတ်လပ်မှု အကြီးအကျယ် ဖြစ်ပေါ်နေပြီး အစိုးရရဲ့တင်းကျပ်တဲ့ တရားမဝင်ကုန်သွယ်မှုတွေ စိစစ်အရေးယူတဲ့ စည်းမျဉ်းတွေကြောင့် အခုလို မှောင်ခိုလုပ်ငန်းတွေ ပိုမိုဖြစ်ပွားနေတာပါ။
ထိုင်းနိုင်ငံကလည်း ကျားဖြန့်ဒုစရိုက်မှုနဲ့ နာမည်ကျော် မြဝတီကို “ဖြတ်တောက်မှု ၃ ခု” မူဝါဒအောက်မှာ လျှပ်စစ်ဖြတ်တောက်တာ၊ အင်တာနက်ဖြတ်တောက်တာနဲ့ လောင်စာဆီ တင်ပို့ခွင့် ပိတ်ပင်တာတွေကို ဆက်လက်ကျင့်သုံးနေပြီး နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေနဲ့ မှောင်ခိုလုပ်ငန်းတွေကို တားဆီးဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။
Ref, Thai Enquirer
