
၁၉.၈.၂၀၂၅
Written by KL
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊မြို့သစ်(၅)ရပ်ကွက်၊ ၁၁လမ်း၊၆၅(B)×၆၆ လမ်းကြားရှိ စံပညာ ကိုယ်ပိုင်အထက်တန်း ကျောင်းရှိ ဝန်ထမ်းအိပ်ဆောင်တွင် ပန်ကာဖွင့်ထားရာမှ ပန်ကာကွိုင်အပူလွန်ကဲပြီး မီးလောင်မှု သြဂုတ်လ ၁၈ ရက် ညနေ ၅ နာရီ ၁၇ မိနစ်ခန့်က ဖြစ်ပွားခဲ့သည်။
မီးလောင်မှုမှာ အလျား ပေ ၃၀၊ အနံ ပေ ၅၀ရှိ သွပ်မိုး၊ ပျဥ်ကာ၊ ပျဥ်ခင်း နှစ်ထပ်ဝန်ထမ်းအိပ်ဆောင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းအိပ်ဆောင်မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

မီးလောင်မှုမှာ ၂၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး မီးငြှိမ်းသတ်ယာဥ် ၈ စီး၊ ရေသယ်ယာဥ် ၂ စီး၊ အုပ်ချုပ်မှုယာဥ် ၂ စီးနှင့် သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ငြှိမ်းသတ်ခဲ့ရာ ညနေ ၅ နာရီ ၄၅ မိနစ်ခန့်တွင် မီး ငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

ဝန်ထမ်းအိပ်ဆောင်မီးလောင်မှုကြောင့် လုံခြုံရေးတာဝန်ခံ အသက် ၃၀ နှစ်အရွယ် အမျိုးသားကို အမှတ် (၁၁) နယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။
