၁၉. ၈. ၂၀၂၅
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်ရှိ မြရတနာစားသောက်ဆိုင်ပိုင်ရှင်ကို PDF ခြောက်ဦးက သတင်းပေး၊ ဒလန်ဟု စွပ်စွဲကာ လာရောက်သတ်ဖြတ်သွားကြသည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ ဩဂုတ် ၁၇ ရက် နံနက် ၉ နာရီ ၅၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ ဂွေးဆောင်ကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးဝင်းဦး(၅၅)နှစ်သည် ကျေးရွာရှိ ၎င်းဖွင့်လှစ်ထားသည့် “မြရတနာ” စားသောက်ဆိုင်၌ ရှိနေစဉ် PDF ခြောက်ဦး(စိစစ်ဆဲ)က TOYOTA HIJET အမျိုးအစား မော်တော်ယာဉ်တစ်စီးဖြင့် ရောက်ရှိလာပြီး “သတင်းပေး/ဒလန်” ဟု ပြောဆို၍ ဆိုင်ရှေ့သို့ ဆွဲထုတ်ကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးဝင်းဦးတွင် ကျည်ထိမှန်ဒဏ်ရာရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နွေဦးတော်လှန်ရေးစတင်ချိန်မှ ယခုအချိန်အထိ ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ဆရာဆရာမ၊ နိုင်ငံ့ဝန်ထမ်း ၁၂၀၀ ခန့်အပါအဝင် ပြည်သူ ၁၀၀၀၀ ခန့်မှာ “ဒလန်၊ သူလျှို၊ သတင်းပေး၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, CRPH, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသည်။
