၁၈.၈.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဩဂုတ်လ ၁၈ ရက်မှာ ယူကရိန်းသမ္မတ ဇယ်လန်စကီးနဲ့ အဓိကဥရောပခေါင်းဆောင်တွေကို တွေ့ဆုံဖို့ စီစဉ်ထားချိန်မှာပဲ ဩဂုတ်လ ၁၇ ရက်ညမှာတော့ ထရမ့်ပ်က Truth Social လူမှုကွန်ရက်စာမျက်နှာမှာ “ယူကရိန်းသမ္မတအနေနဲ့ စစ်ပွဲကို အခုချက်ချင်းနီးပါးလည်း အဆုံးသတ်နိုင်ပါပြီ။ ဒါမှမဟုတ်ရင်တော့ ဆက်လက်တိုက်ပွဲဝင်နိုင်ပါတယ်” လို့ ရေးသားဖော်ပြခဲ့ပါတယ်။
ထရမ့်ပ်က ယူကရိန်းအနေနဲ့ ခရိုင်းမီးယားဒေသကို ရုရှားကို ပေးအပ်လိုက်ဖို့ရယ်၊ နေတိုးအုပ်စုကိုလည်း ဘယ်တေ့ာ့မှ မဝင်ပါဘူးလို့ သဘောတူဖို့ရယ် ဒီနှစ်ချက်နဲ့တော့ စစ်ပွဲရပ်ဆိုင်းဖို့ လိုလိမ့်မယ်လို့လည်း ပြောကြားခဲ့ပါတယ်။
ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းအတွက် အမေရိကန်ရဲ့လုံခြုံရေးအာမခံချက်တွေကို ခွင့်ပြုဖို့ သဘောတူခဲ့ပြီး အလားအလာရှိတဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ထရမ့်ပ်နဲ့ အလက်စကာပြည်နယ်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတုံးက မြေလဲလှယ်မှုတွေအပေါ် လိုက်လျောမှုတွေ လုပ်ခဲ့တယ်လို့ သမ္မတထရမ့်ပ်ရဲ့ အထူးသံတမန် စတိဗ် ဝစ်ခ်အော့ဖ်က ပြောပါတယ်။
ရုရှားအစိုးရကတော့ ရုရှားသမ္မတပူတင်ရဲ့ ကြေညာချက်တွေနဲ့ ကွဲလွဲနေတဲ့ ထိုသဘောတူညီချက်တွေကို တစ်စုံတစ်ရာ ရည်ညွှန်းဖော်ပြတာ မပြုလုပ်ခဲ့သေးပါဘူး။
ဝစ်ခ်အော့ဖ်က သမ္မတ ထရမ့်ပ်ဟာ ပူတင်နဲ့ ဆွေးနွေးပွဲမှာ တိုးတက်မှုတွေရှိခဲ့တာကြောင့် ယာယီအပစ်အခတ်ရပ်စဲရေးအတွက် သူက ဆက်လက်မလုပ်ဆောင်တော့ဘဲ ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ရပ်ရရှိရေး အလေးထားနေတယ်လို့ လည်း ပြောခဲ့ပါတယ်။ ဇယ်လန်စကီးကတော့ အပြည့်အဝသဘောတူညီချက်တစ်ရပ် မရရှိခင် လတ်တလော အပစ်အခတ်ရပ်စဲရေးတစ်ရပ်ရရှိဖို့ ပြောဆိုနေပါသေးတယ်။
Ref- CNN
