
၁၇. ၈. ၂၀၂၅
Translated by Thettant
ထိုင်းနိုင်ငံ၊ ပရာချင်ဘူရီရဲတပ်ဖွဲ့က တရားမဝင် လျှပ်စစ်သုံး စွန့်ပစ်ပစ္စည်းတွေဖြစ်တဲ့ အီလက်ထရောနစ်စွန့်ပစ်ပစ္စည်း (e-waste)တွေ သယ်ယူနေသူ သုံးဦးကို သြဂုတ်လ ၁၅ ရက်နေ့က ဖမ်းဆီးလိုက်ပါတယ်။
အဖမ်းခံရသူတွေက ထိုင်းနိုင်ငံသား၊ တရုတ်နိုင်ငံသားနဲ့ မြန်မာနိုင်ငံသား တစ်ဦးစီ ပါဝင်ပြီး သူတို့ဟာ အီလက်ထရောနစ်စွန့်ပစ်ပစ္စည်းတွေဖြစ်တဲ့ မော်တာတွေ၊ အအေးပေးစနစ် အစိတ်အပိုင်းတွေနဲ့ သတ္တုအပိုင်းအစတွေကို Pickup ကားတွေနဲ့ သယ်ဆောင်လာတာလို့ သဘာဝသယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရာဇဝတ်မှုဌာနခွဲ (၂) ရဲ့ ရဲမှူးကြီး Winyu Jamsai က ပြောပါတယ်။
တရားခံတွေဟာ စိုင် မဟာဖော့ခရိုင်မှာ တရားမဝင် အီလက်ထရောနစ်စွန့်ပစ်ပစ္စည်း စွန့်ပစ်ရာနေရာကနေ ပစ္စည်းတွေကို သယ်ဆောင်လာချိန်မှာ ရဲတပ်ဖွဲ့က သတင်းပေးချက်အရ ကြားဖြတ်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ အဲဒီနေရာကနေ တွေ့ရှိရတဲ့ အီလက်ထရောနစ်စွန့်ပစ်ပစ္စည်း အားလုံးကိုလည်း ရဲတပ်ဖွဲ့က သိမ်းဆည်းလိုက်ပါတယ်။
ဖမ်းဆီးခံ သံသယရှိသူတွေက ချာချုန်းဆောင်ပြည်နယ်၊ ဘန်ခလခရိုင်၊ တမ်ဘွန် စမတ်နျူအာမှာရှိတဲ့ စက်ရုံတစ်ခုက အဲဒီစွန့်ပစ်ပစ္စည်းတွေ သယ်ယူဖို့ အလုပ်ခန့်ထားကြောင်း ပြောခဲ့ပါတယ်။
စုံစမ်းစစ်ဆေးမှုတွေအရ အဲဒီ ချာချုန်းဆောင်ကစက်ရုံဟာ လိုင်စင်မရှိဘဲ တရားမဝင် လည်ပတ်နေပြီး အီလက်ထရောနစ်စွန့်ပစ်ပစ္စည်းတွေကို တရားမဝင်သိုလှောင်ထားတယ်လို့ သိရပါတယ်။
ဒါ့ကြောင့် စက်ရုံပိုင်ရှင်ကို ဥပဒေအရ အရေးယူဖို့ တရားဝင်တိုင်ကြားမှုတွေ ပြုလုပ်သွားမယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
Ref, The Thaiger
