၁၆. ၈. ၂၀၂၅
Written by Thettant
ဖုန်းဆိုင်ဝင်ခိုးတဲ့ သူခိုးက ဖုန်း ၈ လုံး၊ ငွေ ၅ သိန်းအပြင် ကားပါခိုးသွားမှု တောင်ဥက္ကလာပမှာဖြစ်ပွား ဒီနေ့ ဩဂုတ် ၁၆ ရက် နံနက် ၄ နာရီကျော်အချိန်မှာ ဖြစ်ပွားခဲ့ပါတယ်။
ဖြစ်စဥ်က တောင်ဥက္ကလာပမြို့နယ်၊ ၅/၇ ရပ်ကွက်၊ ဗြဟ္မစိုရ်လမ်းမပေါ်က နေအိမ်နဲ့ ဖုန်းဆိုင်တွဲဖွင့်ထားပြီး Apple ပစ္စည်းတွေ အဓိကရောင်းချတဲ့ Arr Pit IDevices Good Second Hand Mobile Sale & Service ဆိုင်ကို ဒီနေ့မနက် ၄ နာရီကျော်အချိန်မှာ ချွန်ထက်တဲ့ လက်နက်ကိုင်ဆောင်လာတဲ့ အင်္ကျီအနက်၊ ဘောင်းဘီအတို ဝတ်ဆင်ထားသူဟာ ပြတင်းပေါက်က ဝင်လာပြီး CCTV ကို တွေ့ချိန်မှာ ဝတ်ထားတဲ့ အင်္ကျီကို ချွတ်ပြီး ခေါင်းကိုစည်းလိုက်တာ တွေ့ရပါတယ်။
အဲဒီနောက် ကောင်တာထဲက ဖုန်းတွေခိုးဖို့ ကြည့်နေတာတွေ့ရသလို ကားသော့မြင်ချိန်မှာ Crown 2D – 9132 ၊ ဖုန်း ၈ လုံးနဲ့ ပိုက်ဆံ ၅ သိန်း ခိုးယူသွားတာလို့ သိရပါတယ်။
“ကျွန်တော်နေ့အိမ်မှ ကားနဲ့ဖုန်း ၈ လုံး ခိုးခံလိုကိရပါတယ်။ ပိုကိဆံ ၅သိန်း၊ ကားပါခိုးသွားတာကွာ။ စိတ်တော်တော် အဆင်မပြေတော့ပါဘူးဗျာ။ Crown 2D 9132 တွေ့ရှိပါက သိန်း ၃၀ ကျေးဇူးဆပ်ပါမည်။ 09984291011, 09976877671, 09650050037 လို့ Arr Pit IDevices က ကြေညာထားပါတယ်။
ဒီနေ့မနက် ၁၁ နာရီကျော်အချိန်မှာတော့ ခိုးယူသွားတဲ့ကားကို တောင်ဥက္ကလာပမြို့နယ်ကပဲ ချယ်ရီဥယျာဥ်မြို့တော်ရှေ့မှာ ခိုးယူသွားတဲ့ကားကို စွန့်ပစ်ထားခဲ့တယ်လို့ တွေ့ရှိသူက သတင်းပို့တာကြောင့် သွားရောက်ကြည့်ရှုချိန်မှာ ကားကို ပြန်တွေ့ခဲ့ပေမဲ့ ခိုးသွားတဲ့ ဖုန်း ၈ လုံးနဲ့ ငွေ ၅ သိန်းကိုတော့ ပြန်မရသေးဘူးလို့ သိရပါတယ်။




