




၁၃.၈.၂၀၂၅
Written By Thandar
ကိုနိုင်ဆွေနဲ့ မအေးမော်တို့ထုတ်လုပ်တဲ့ ဟာသပညာပေးဇာတ်လမ်းပုံစံ “ဖိုက်ပလပ်စ်ဝမ်း”ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲအခမ်းအနားကို ယနေ့ ဩဂုတ် ၁၃ ရက် ညနေပိုင်းက ရန်ကုန်မြို့ သမ္မတအဆင့်မြင့် ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
“ဒီကားမှာ လှလွန်းဆွေဆိုတဲ့ အမျိုးသမီးတစ်ယောက်နေရာက မြင်ရမှာပါ။ အမေရော သမီးရော အပြိုင်အဆိုင်ဇာတ်လေးပေါ့နော်။ ဟိုဘက်က သားအမိနဲ့ ဒီဘက်ကသားအမိနှစ်ယောက်ရယ် မင်းသားကို ဝိုင်းနေကြတဲ့သဘောပေါ့။ မုံ@ဝင့်ယမုံနိုင်တို့ သားအမိကတော့ မြန်မာဆန်ဆန်လေးပေါ့။ ဟာသဇာတ်လမ်းလေးပါ။ ပရိသတ်အကြိုက်တွေ့စေမှာမို့ လာရောက်အားပေးကြဦးလို့ ပြောချင်ပါတယ်” လို့ သရုပ်ဆောင် ဝင့်ယမုံနိုင်က ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း နေစိုးသော်နဲ့ ခင်မိုး(KM Group)၊ ဇာတ်ညွှန်း-ခင်မိုး(KM Group)၊ တွဲဖက်ဒါရိုက်တာ မိုးမိုး၊ ဒါရိုက်တာ ခင်လှိုင် (ဉာဏ်ကြီးရှင်)က ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က ဟာသပညာပေး ဇာတ်လမ်းပုံစံ ဖန်တီးရိုက်ကူးထားတာလည်းဖြစ်တယ်လို့ သိရပါတယ်။
သရုပ်ဆောင်တွေဖြစ်တဲ့ လွှမ်းပိုင်၊ အကယ်ဒမီခင်ဝင့်ဝါ၊ ဝင့်ယမုံနိုင်၊ မေမီကိုကို၊ မေလသံစဉ်၊ အာဗြဲစိန်၊ လှနုထွန်း၊ ထက်ထက်လင်းလက်၊ စိစိ၊ သွက်လက်၊ တော်ဝင်၊ ရှိုင်းလေး စတဲ့သူတွေ ပါဝင်ထားကြပါတယ်။
“ဖိုက်ပလပ်စ်ဝမ်း” ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် ဩဂုတ် ၁၅ ရက်နေ့မှာ ရုံတင်ပြသမှာလည်း ဖြစ်ပါတယ်။
