
၁၃. ၈. ၂၀၂၅
Translated by Nay Moe
မောင်တောက ရခိုင်အကြမ်းဖက်လက်နက်ကိုင် AA စခန်းကို ဘင်္ဂါလီအကြမ်းဖက် ARSA အဖွဲ့ကဝင်ရောက်တိုက်ခိုက်မှုမှာ ရခိုင် AA ငါးဦးသေဆုံးသွားတယ် ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၁၀ ရက်နေ့ ညပိုင်းမှာ ARSA ဟာ မောင်တောမြို့နယ်၊ တောင်ပြိုလက်ယာ (တုံဂရို) က AA စခန်းနှစ်ခုကို ပစ်မှတ်ထားတဲ့ စစ်ဆင်ရေးတစ်ခု ဆောင်ရွက်ခဲ့ပြီး ဒီတိုက်ပွဲက ည ၁၁ နာရီမှာ စတင်ကာ ၁၁ နာရီ ၅၀ မှာ ပြီးဆုံးသွားပါတယ်။
ARSA ရဲ့ တိုက်ခိုက်မှုကြောင့် AA ငါးဦးသေဆုံးတဲ့အပြင် AA ၁၅ ဦးအထက်ကလည်း ဒဏ်ရာရရှိကာ စခန်းစွန့်ခွာ ထွက်ပြေးသွားတယ်လို့ ARSA က ထုတ်ပြန်ထားပေမဲ့ AA ကတော့ ဒီဖြစ်ရပ်ကို ဝန်ခံထားခြင်းမရှိသေးပါဘူး။
ဒါပေမဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက ဘင်္ဂါလီအားကောင်းရာ ဒေသတွေမှာ AA တပ်ဖွဲ့ဝင်တွေကို ARSA က မကြာခဏ တိုက်ခိုက်သတ်ဖြတ်နေတာ အမှန်တကယ်ဖြစ်သလို လက်ရှိတိုက်ခိုက်မှုအတွင်းမှာ ဒဏ်ရာရသူမရှိဘူးလို့ ARSA ပြောပါတယ်။
