
၁၃.၈.၂၀၂၅
Written by KL
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ကျန်တန်းရပ်ကွက်၊ တိုးချဲ့( ၂) ရပ်တွင် ယနေ့ သြဂုတ်လ ၁၃ ရက် နံနက် ၉ နာရီခန့်က နေအိမ်တစ်လုံး၏ မိန်းခုံအပူလွန်ကဲရာမှ လူနေအိမ်ငါးလုံးမီးလောင်ဆုံးရှုံးခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။

ဖြစ်စဥ်မှာ သွပ်မိုး ထရံကာ၊ ပျဥ်ခင်းနှစ်ထပ်နေအိမ်တစ်လုံးမှ စတင်လောင်ကျွမ်းခဲ့ပြီး ထို မီးလောင်မှုကြောင့် သွပ်မိုးထရံကာပျဥ်ခင်းနှစ်ထပ်နေအိမ် သုံးလုံး၊ သွပ်မိုး နံကပ်နှစ်ထပ်နေအိမ် တစ်လုံးနှင့် သွပ်မိုးထရံကာ ပျဥ်ခင်း ခြေတံရှည်နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

မီးလောင်မှုမှာ မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ပြီး မီးငြိမ်းသတ်ယာဥ် ၁၀ စီး၊ ရေသယ်ယာဥ် ငါးစီး၊ အုပ်ချုပ်မှုယာဥ်နှစ်စီးနှင့် သန္ဓေအရန် မီးသတ်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၉ နာရီ ၃၃ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

“အိမ်တွေကလည်းကပ်နေတော့ လောင်အား ကောင်းသွားတာ။ လူထိခိုက်သေဆုံးမှုတော့ မရှိပါဘူး”ဟု မီးငြှိမ်းသတ်ရာတွင်ပါဝင်သူတစ်ဦးကပြောသည်။
နေအိမ်ငါးလုံးမီးလောင်မှုကြောင့် အသက် ၃၅ နှစ်အရွယ် အမျိုးသမီးကို အမရပူရမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
