၁၃. ၈. ၂၀၂၅
Written by Thettant
စမ်းချောင်းမြို့နယ် Spirit ဆိုင်ရှေ့မှာ မနေ့က ဩဂုတ် ၁၂ ရက်အချိန် ပြုတ်ကျကျန်နေတဲ့ သုံးကျပ်သား ရွှေဆွဲကြိုး ကောက်ရသွားသူကို ကျပ်သိန်း ၅၀ ချီးမြှင့်မယ်ဆိုပြီး ထုတ်ပြန်ထားတဲ့ မူဗီနဲ့ ဓာတ်ပုံတွေကို အရည်ကြိုဆိုတဲ့အမည်နဲ့အသုံးပြုတဲ့ Facebook က တစ်ဆင့် ဆုံးရှုံးရတဲ့ပိုင်ရှင်တွေ ကြေညာထားတာ #mtews_Facebook_တခွင်က တွေ့ရှိရပါတယ်။
ကားအရောင်းအဝယ်လုပ်တဲ့ ဦးအောင်ဇော်ဦးအသုံးပြုတဲ့အကောင့်လို့လည်း လူသိများတဲ့ အရည်ကြိုအကောင့်မှာ “❗️12.8.2025 🛑
ရွှေဆွဲကြိုး ၃ကျပ်သားကောက်ရသွားတဲ့
အမရေ ကျေးဇူးပြုပြီး အမြန်ဆုံး ပြန်လာပေးပါ။ “ဆိုပြီး ဖြစ်စဥ်ကို ” မနေ့ကအမေရယ် ကျွန်တော်ရယ် စမ်းချောင်းမြို့နယ် spirits သွားတော့ ဆိုင်ဝမှာ အမေ့ဆွဲကြိုးကျကျန်ခဲ့ပါတယ် ဆိုင်ထဲမှာ ကျွန်တော်တို့ရှိနေတုန်း ထိုအမျိုးသမီးကောက်ရသွားပါတယ်❗️အသိပေးပြန်ပေးပါက ကျွန်တော်တို့ဘက်ကလည်း ကျေးဇူးသိတက်သောအားဖြင့် သိန်း၅၀ကျပ်ပြန်လှယ်ကျေးဇူးပြန်ဆပ်ပါမည် ❗️ဆက်သွယ်ရန် John yan lin 09448946921 “လို့ ဖော်ပြထားတာ တွေ့ရပါတယ်။
CCTV မှတ်တမ်းရုပ်သံမှာလည်း လူသွားလူလာ စျေးဝယ်သူများပြားတဲ့ Spirrts ရှေ့မှာ နက်ပြာရောင်အဖြူစပ်ဝတ်ထားတဲ့အမျိုးသမီးက ဆွဲကြိုးလို့ ယူဆရတဲ့အရာတစ်ခုကို ကောက်ယူနေတာ တွေ့မြင်ရပြီး “ဘာကြီးလဲ၊ ဆွဲကြိုး၊ ပြုတ်ကျနေခဲ့တာနေမှာ”လို့ အဖော်အမျိုးသမီးနဲ့ ပြောနေသံ ကြားရပါတယ်။
