၁၂ .၈.၂၀၂၅
Written by Hey Mar
ကယားပြည်နယ်ဘက်ကနေ မီတ္ထီလာမှာ သူနာပြုသင်တန်းကျောင်း လာရောက် တက်ရောက်သင်ကြားနေတဲ့ ကျောင်းသူတစ်ဦး ကျောင်းအိမ်သာမှာ မိမိကိုယ်ကိုယ် ဒီဇယ်လောင်းကာ မီးရှို့အဆုံးစီရင်မှုဖြစ်စဉ် ဒီနေ့ ဩဂုတ် ၁၂ ရက် မနက်အစောပိုင်းက မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

MT News
ကျောင်းသူရဲ့ အမည်က မပြည့်ပြည့်ဝင်း အသက် (၂၀) ဝန်းကျင်လို့ ခန့်မှန်းရပြီး သင်တန်းဆင်းရန် (၅)လဝန်းကျင်လောက်သာကျန်တော့ချိန် ရေချိုးခန်းအိမ်သာပါ တွဲလျှက်ပါတဲ့ (၃)လုံးတွဲ အိမ်သာခန်းတစ်ခုအတွင်းမှာ အခန်းအတွင်းတံခါးဂျက်ထိုးပြီး လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

MT News
“ရေချိုးခန်း တံခါးရှေ့ အလောင်းက ပိတ်နေတာ လှေခါးထောင်တက် အောက်ဆင်း ဂျက်ဖြုတ် အဲ့ဒီလို ဆောင်ရွက်ဖို့ကလည်း မီးက မီးခိုးထွက်တာအကင်းမသေသေးဘူး။ ဆရာဆရာမတွေလည်း ကြောက်လန့်သွားကြတယ်။ ဖြစ်ရပ်ကြောင့်” လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးထံကနေ သိရပါတယ်။

MT News
အဆိုပါအမျိုးသမီးငယ် အခုလိုဖြစ်ပွားတာကို မီးခိုးညှော်နံ့ထွက်လာမှ ပတ်ဝန်းကျင်က သိရှိကြပြီး မနက် ၂ နာရီဝန်းကျင်ကတည်းက အခုလိုလုပ်ဆောင်သွားတယ်လို့ ခန့်မှန်းရကာ တာဝန်ရှိသူတွေက မနက်(၄)နာရီမှာ ရောက်ရှိ စုံစမ်းစစ်ဆေးခဲ့ပြီး ရုပ်အလောင်းကို ဒေသခံပရဟိတအသင်းယာဉ်နဲ့ ပြည်သူ့ဆေးရုံရင်ခွဲရုံဆီပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။
