၁၁.၈.၂၀၂၅
Written by KL
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ သရက်တပင်ကျေးရွာအနီး ဧရာဝတီမြစ်တွင် ကလေးငယ်တစ်ဦး ရေဆင်းချိုးရာမှ ရေနစ်သေဆုံးမှု သြဂုတ်လ ၁၀ ရက် မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်သူများထံမှ သိရသည်။
ဖြစ်စဉ်တွင် အသက် ၇ နှစ်အရွယ် မောင်အောင်လင်းခန့်မှာ မြစ်အတွင်း ရေဆင်းချိုးရာမှ ရေနစ်ကာ ပျောက်ဆုံးခဲ့ပြီး သန္ဓေအရန် မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုရေးအသင်းအဖွဲ့ဝင်များ ဝိုင်းဝန်းရှာဖွေကြရာ တစ်နာရီကျော်အကြာတွင် ရေနစ်သေဆုံးနေသောရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။
ရေနစ်သေဆုံးသူ၏ရုပ်အလောင်းကို အဖြူရောင်နှင်းဆီလူမှုကူညီရေးအသင်း လူနာတင်ယာဉ်ဖြင့် မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ကူညီခဲ့ကြောင်း သိရသည်။


