
၉.၈.၂၀၂၅
Written by KL
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ရကက(၂၁)၊ ပြင်ဦးလွင်-မိုးကုတ်သွားလမ်း၊ သိမ်အင်းရွာအနီးတွင် ယနေ့ သြဂုတ်လ ၉ ရက်၊ မွန်းလွဲ ၁ နာရီခန့်က ဆိုင်ကယ်နှစ်စီး မျက်နှာချင်း ဆိုင်တိုက်မိရာမှ တစ်ဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သည့် သန္တိသုခ အခမဲ့လူမှုကူညီရေးအသင်းထံမှ သိရသည်။

ဆိုင်ကယ်တိုက်မှုကြောင့် ဒဏ်ရာသူ သုံးဦးကို ဆေးရုံသို့ ပို့ဆောင်စဥ် ဆေးရုံအရောက်တွင် အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး ကျန်ဒဏ်ရာရရှိသူ အမျိုးသားနှစ်ဦးအနက် တစ်ဦးမှာ အသက်အန္တရာယ် စိုးရိမ်ရကြောင်း သိရသည်။
ဆိုင်ကယ်တိုက်မိမှုတွင် ဒဏ်ရာရရှိခဲ့သူများကို မေတ္တာအားမာန် နာရေးကူညီမှုအသင်းနှင့်သန္တိသုခလူမှုကူညီရေးအသင်းမှ အသင်းဝင်များက ပြင်ဦးလွင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
