၈. ၈. ၂၀၂၅
Written by Nay Moe
သံဖြူဇရပ်မြို့နယ်၊ လင်မသာကျေးရွာအနီးရှိ ဇရပ်ပေါ်တွင် KNUKNLA နှင့် PDF လက်နက်ကိုင်အဖွဲ့က ဇနီးမောင်နှံနှစ်ဦးကို ဒလန်ဟု စွပ်စွဲကာ ဖမ်းဆီးလာပြီးနောက် ပစ်ခတ်သတ်ဖြတ်လိုက်မှု ကျူးလွန်ခဲ့ကြသည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ ဩဂုတ် ၆ ရက် ည ၈ နာရီ ၅ မိနစ်တွင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ လင်မသာကျေးရွာအနီး၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာအနီးရှိ ဇရပ်ပေါ်၌ သံဖြူဇရပ်မြို့နယ်၊ ထင်းရှုးကျေးရွာနေ ဦးဇော်သိန်းမြင့်(ခ)ကိုဇော်(၄၀)နှစ်နှင့် ၎င်း၏ဇနီးဖြစ်သူ ဒေါ်မူယာစန်း(ခ)မဉာဏ်(၄၀)နှစ်တို့ နှစ်ဦးအား ကျည်ထိမှန် ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် ဖြစ်စဉ်အား စိစစ်ခဲ့ရာ KNU နှင့် PDF ပူးပေါင်းအဖွဲ့ (အင်အားစိစစ်ဆဲ)က “ဒလန်” ဟုစွပ်စွဲပြောဆို၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့ခြင်းကြောင်း သိရသည်။
နွေဦးတော်လှန်ရေးစတင်ချိန်မှ ယခုအချိန်အထိ ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင် ဆရာဆရာမ၊ နိုင်ငံ့ဝန်ထမ်း ၁၂၀၀ ခန့်အပါအဝင် ပြည်သူ ၁၀၀၀၀ ခန့်မှာ “ဒလန်၊ သူလျှို၊ သတင်းပေး၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, CRPH, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသည်။

