၆.၈.၂၀၂၅
Written By Thandar
အနုပညာမိသားစုလို့ တင်စားခေါ်ဝေါ်ကြတဲ့ မင်းသမီးစိုးမြတ်သူဇာတို့ရဲ့ ဖခင်ကြီး ဦးစိုးမြင့် အသက် ၈၆ နှစ်ရဲ့ နောက်ဆုံးခရီးကို ဩဂုတ် ၅ ရက်နေ့မှာပဲ ရန်ကုန်မြို့ ရေဝေးသုသာန်မှာ ပြုလုပ်ခဲ့ပြီ အရိုးပြာအိုးကို ရန်ကုန်မြစ်ထဲ မျှောခဲ့ပါတယ်။
“ဖေဖေ သက်သောင့်သက်သာ သွားနိုင်အောင် သမီးတို့ ပြုစုစောက်ရှောက်ခွင့်ရတဲ့အတွက် သမီး ကျေနပ်မိပါတယ်။
မြင့်မြတ်တဲ့ ဘုံဘဝတစ်ခုမှာ ဖေဖေ ကောင်းကောင်းမွန်မွန် အနားယူပါနော်”လို့ အကယ်ဒမီ စိုးမြတ်သူဇာက ပြောပါတယ်။
မင်းသမီးတွေဖြစ်တဲ့ စိုးမြတ်သူဇာ၊ စိုးမြတ်ကလျာ၊ စိုးမြတ်နန္ဒာတို့ရဲ့ ဖခင်ကြီးဟာ ဩဂုတ် ၅ ရက် နံနက် ၅ နာရီ ၅ မိနစ်က ရန်ကုန်မြို့ နေအိမ်မှာ ကွယ်လွန်ခဲ့တာလည်းဖြစ်ပါတယ်။
“ဖေဖေ နေမကောင်းတဲ့ အချိန်မှာ အားပေးဆုတောင်းပေးခဲ့တဲ့ ကျွန်မ ပရိတ်သတ်များ၊ကူညီစောင့်ရှောက်ပေးခဲ့ကြတဲ့ မိတ်ဆွေများ၊ သူငယ်ချင်းများ၊ အနုပညာမောင်နှမများ အားလုံးကို အထူးကျေးဇူးတင်ပါတယ်ရှင်”လို့ သူမကဆက်ပြောပါတယ်။
ဖခင်ကြီး ဦးစိုးမြင့်ဟာ ဘာရောဂါမှမရှိဘဲ သာမာန်ဖျားရာကနေ အခုလို အသက်ဆုံးရှုံးသွားတာလည်းဖြစ်တယ်လို့ သိရပါတယ်။
“သူငယ်ချင်းတို့ရေ အခု အဖေ့ အရိုးပြာအိုးကိုရန်ကုန်မြစ်ထဲမှာ သွားမျှောနေပါပြီ”လို့ သရုပ်ဆောင် စိုးမြတ်ကလျာကလည်း ပရိသတ်ကို အသိပေးခဲ့ပါတယ်။
#စိုးမြတ်သူဇာ #စိုးမြတ်ကလျာ #စိုးမြတ်နန္ဒာ #SoeMyatThuzar #SoeMyatKalyar #SoeMyatNandar #USoeMyint #RIP #အရိုးပြာအိုး



