
၅. ၈. ၂၀၂၅
Translated by Thettant
ထိုင်းနိုင်ငံ၊ တက်ခ်ခရိုင်မှာ မနေ့က တနင်္လာနေ့ညအချိန် လုပ်ဆောင်ခဲ့တဲ့ စစ်ဆင်ရေးတစ်ခုအတွင်းမှာ ထိုင်းရဲတပ်ဖွဲ့၊ ဒေသအာဏာပိုင်တွေနဲ့အတူ ရတ်ချမနူ အထူးတပ်ဖွဲ့ဝင်တွေက မြန်မာနိုင်ငံသား ၄၅ ဦးကို တရားမဝင်နယ်စပ်ဖြတ်ကျော်မှုနဲ့ ဖမ်းဆီးခဲ့ပါတယ်။

ဖော့ဖရာ့ခရိုင်၊ ဘန်ဟွိုင်နမ်နတ်ရွာကို ဝင်ရောက်စစ်ဆေးချိန်မှာ မြန်မာ အမျိုးသား ၂၃ ဦးနဲ့ အမျိုးသမီး ၂၂ ဦး၊ လူမှောင်ခိုသမား ၂ ဦးနဲ့အတူ ယာဉ် ၄ စီးကို ဖမ်းမိခဲ့ပါတယ်။
ပူးပေါင်းအဖွဲ့တွေက စစ်ဆေးဖမ်းဆီးစဉ်မှာ လူ မှောင်ခိုသမား ၂ ဦးကတော့ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ ဖမ်းမိတဲ့ မှောင်ခိုသမားတွေက ဒီလူကုန်ကူးမှု အောင်မြင်ရင် မြန်မာနိုင်ငံသား တစ်ဦးကို ဘတ် ၅၀၀ ရရှိမှာဖြစ်တယ်လို့ ဝန်ခံခဲ့ပါတယ်။ Ref, Khaosod
