၅.၈.၂၀၂၅
Written By Thandar
သရုပ်ဆောင် မင်းသားစည်ဖြိုးရဲ့ မိခင်ဒေါ်သီသီဝင်းရဲ့ ပြည်တော်ဝင် ပြည်တော်ထွက်အနေနဲ့ ကျိုက္ကဆံဘုရား သာသနာပွဲတွေကပ်လှူခြင်းနဲ့ ခုနစ်ရက်သားသမီးတွေ ကုသိုလ်ပြုအလှူကိုတော့ ယနေ့ ဩဂုတ်လ ၅ ရက် နံနက် ၇ နာရီက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ ကျိုက္ကဆံဘုရားမှာ ပြုလုပ်ခဲ့ပါတယ်။
“အန်တီတို့က အမြဲတမ်းလစဉ်လည်း အလှူတွေလုပ်ဖြစ်ပါတယ်။ အန်တီက နိုင်ငံခြားသွားပြီး ပြန်လာတာတို့ ပြည်ပပြန်ထွက်တာတို့ဆိုရင် ပြည်တော်ဝင်ပြည်တော်ထွက်ဆိုပြီး လှူဖြစ်ပါတယ်။ ဘုရားတွေ ဘုန်းကြီးကျောင်း ၁၂ ကျောင်းကို ဦးတိုက်သွားတာပါ။ ဒီအစဉ်အလာအတိုင်း လှူဖြစ်တာပါ။ ဒီနေ့မှာတော့ ကျိုက္ကဆံမှာရှိတဲ့ ဘုရား သာသနာပွဲတွေ၊ ကုသိုလ်တစ်မျိုးလှူဖြစ်တာပါ။ ဘုရားပေါ်က ဆရာတော်တွေကို တစ်ပါးနှစ်သောင်း၊ တစ်သောင်းစတာတွေလှူသလို တကယ်ခက်ခဲနေသူတွေကိုလည်း လှူဖြစ်ပါတယ်”လို့ ဒေါ်သီသီဝင်းက MT Entertainment ကို ပြောပါတယ်။
အဆိုပါအလှူအနေနဲ့ ကျိုက္ကဆံဘုရားရှိ အထက်ပစ္စယံပေါ်မှာ ဘုရားသာသနာပွဲ၊ ပန်း၊ ရေချမ်းဆက်ကပ်ခဲ့ပြီး ဂြိုလ်ပြည်နာမ်ပြည် ပန်း၊ ရေချမ်း၊ ဆီမီးဆက်ကပ်ခဲ့ပါတယ်။ အဲဒီနောက်ဘုရားရင်ပြင်ပေါ်ရှိ ရဟန်းသံဃာတော်၊ သီလရှင်နဲ့ ခုနစ်ရက်သားသမီးတွေကို အလှူငွေတွေလှူဒါန်းခဲ့ပြီး တောင်ဘက်မုခ်မှာ ငွေကြေးခက်ခဲသူတွေ အယောက် ၁၀၀၀ နီးပါးကို ငွေကြေးတွေလှူဒါန်းခဲ့ပါတယ်။
နက္ခတ်ဗေဒပညာရှင် ဒေါ်သီသီဝင်းကတော့ အမြဲတမ်း အလှူအတန်းတွေ စဉ်ဆက်မပြတ် ပြုလုပ်ပေးနေသူလည်းဖြစ်ပါတယ်။
#SiPhyo #DawThiThiWin #ခုနစ်ရက်သားသမီးအလှူ #စည်ဖြိုး #ဒေါ်သီသီဝင်း #ကျိုက္ကဆံဘုရား #MyanmarActor #CeleDonation












