၂.၈.၂၀၂၅
Written By Thandar
Royal King Film Production က ဒရာမာဇာတ်လမ်းပုံစံ “အမုန်းမျက်ရည်” ဇာတ်လမ်းတွဲ ကန်တော့ပွဲပေးပွဲကို ယနေ့ ဩဂုတ် ၂ ရက် နံနက်ပိုင်းက ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြိုနယ်ရှိ ကျိုက္ကဆံဘုရား အောင်မြေမှာ ကျင်းပခဲ့ပါတယ်။
“ကျွန်တော့်အနေနဲ့ ဒီဇာတ်ကားမှာ ခပ်ကြမ်းကြမ်းဆိုးရမယ့် ကာရိုက်တာနဲ့ ပါဝင်ထားပါတယ်။ ကျွန်တော့်အနေနဲ့ ဇာတ်ကောင်ကာရိုက်တာတွေအပေါ်မူတည်ပြီး ဇာတ်တွေလက်ခံဖြစ်တာများတယ်။ သရုပ်ဆောင်တွေက တော်တော်လေးတွေများတယ်။ ပရိသတ်အကြိုက်တွေ့စေမယ့် ဒရာမာဇာတ်လေးပါ”လို့ သရုပ်ဆောင် ထက်အောင်ရှိုင်းက ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း၊ ဇာတ်ညွှန်း တွဲဖက်ဒါရိုက်တာနေခန့်ကျော်၊ ဒါရိုက်တာ တင်အောင်ကျော်က မနက်ဖြန် ဩဂုတ် ၃ ရက်ကစ ရန်ကုန်မြို့မှာ ဒရာမာဇာတ်လမ်းပုံစံ စတင်ရိုက်ကူးမှာဖြစ်ပါတယ်။
သရုပ်ဆောင်တွေအနေနဲ့ ထက်အောင်ရှိုင်း၊ ရှင်မွေလ၊ ဘုန်းမင်းနေလ၊ သားညီ၊ ဘုန်းလျှံ၊ အကယ်ဒမီ ယွန်းယွန်း၊ ယမုံမြင့်မြတ်၊ မေလသံစဉ်၊ ဘေဘီမောင်၊ အကယ်ဒမီ ဝါဝါအောင်၊ အိမ့်ကြာဖြူ၊ သူဇာပွင့်၊ ဦးဝင်းမြိုင်၊ ဇင်မျိုး၊ နိုင်လူ၊ ကျော်ဇင်ထွဋ်တို့ပါဝင်ကြမှာဖြစ်ပါတယ်။
အပိုင်း ၂၀ ပါဝင်မယ့် “အမုန်းမျက်ရည်”ဇာတ်လမ်းတွဲကို FOR YOU Cinema က ထုတ်လွှင့်ပြသမှာလည်းဖြစ်ပါတယ်။
#HtetAungShine #YoonYoon #ShinMweLa #BabyMaung #YamoneMyintMyat
#အမုန်းမျက်ရည်ဇာတ်လမ်းတွဲ










