နေမိုး
၂. ၈. ၂၀၂၅
အကြမ်းဖက်လက်နက်ကိုင်များ၏ ထိန်းချုပ်မှုအောက် ယာယီရောက်ရှိနေသော မိုးကုတ်မြို့ကို တပ်မတော်က ယနေ့ဗုံးကြဲရှင်းလင်းမှုဖြစ်စဥ်အတွင်း ၁၂ ဦးသေဆုံးသွားသည်ဟု နယ်မြေလုယက်သိမ်းယူထားသော တအောင်းလက်နက်ကိုင် TNLA က ယခု ဝန်ခံလာသည်။
ယနေ့ နံနက်ပိုင်း ၈ နာရီ ၂၅ မိနစ်အချိန်က မိုးကုတ်မြို့အနောက်ပိုင်းရှိ TNLA ရုံးကို လေတပ်က ဗုံးများကြဲချတိုက်ခိုက်ခဲ့သည်ကို MT News က ကနဦးဖော်ပြခဲ့ပြီး TNLA ကမူ ထိုတိုက်ခိုက်မှုအတွင်း ပေါင် ၂၅၀ ဗုံးနှစ်လုံး ကြဲချသွားသည်ဟုပြောသည်။
ထိုဗုံးကျရောက်ပေါက်ကွဲမှုကြောင့် လူ ၁၂ ဦး သေဆုံးခဲ့ပြီး အမျိုးသား (၁၂)ဦးနှင့် အမျိုးသမီး (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၁၀)အိမ်၊ ကား (၃)စီးနှင့် ဆိုင်ကယ် (၃)စီးလည်း ဗုံးစထိမှန်ပျက်စီးသွားခဲ့သည်ဟု ပြောသည်။
တရုတ်နိုင်ငံ၏ ညှိနှိုင်းမှုအတွင်း တအာင်းလက်နက်ကိုင် TNLA အနေဖြင့် အဓမ္မသိမ်းယူထားသည့် မြို့များမှ ဆုတ်ခွာရန်ပြောဆိုသည်ကို TNLA က လက်မခံဘဲ စစ်ရေးရွေးချယ်ရာမှ တပ်မတော်က ဇူလိုင်လအတွင်း TNLA ဦးဆောင်ထိန်းချုပ်ထားသော နောင်ချိုနှင့် သပိတ်ကျင်းကို သိမ်းယူခဲ့သလို TNLA လက်နက်ကိုင်များ ထိန်းချုပ်ထားရာ မိုးကုတ်မြို့ကိုလည်း ဇူလိုင်လအတွင်း ၅ ကြိမ် ထိုးစစ်ဆင်ဗုံးကြဲရာ ၉ ဦးသေဆုံးပြီး ၄၃ ဦး ဒဏ်ရာရပြီး ၃၈ အိမ် ထိခိုက်ပျက်စီးခဲ့သည်ဟု TNLA က ဝန်ခံထားသည်။



