၁.၈.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က သတ်မှတ်ခဲ့တဲ့ ကုန်သွယ်စည်းကြပ်ခွန်နှုန်းတွေရဲ့ အမြင့်မားဆုံး အခြေအနေကို ထရမ့်ပ်က စတင်အကျိုးသက်ရောက်မယ်လို့ ပြောထားတဲ့ ဩဂုတ်လ ၁ ရက်မှာတော့ အရှေ့တောင်အာရှနိုင်ငံအချို့က မြင့်မားတဲ့နှုန်းထားကိုရင်ဆိုင်နေရတယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။
ဇူလိုင်လ ၃၁ ရက်မှာ ကြေညာခဲ့တဲ့အခွန်နှုန်းထားသစ်တွေကလည်း ဒေသအတွင်း တချို့နိုင်ငံတွေအပေါ် ဆက်လက်မြင့်မားနေသေးတာတွေ့ရပါတယ်။ ဒီအခွန်နှုန်းထားအသစ်တွေထဲမှာ မြန်မာနဲ့ လာအိုကတော့ ၄၀ ရာခိုင်နှုန်းစီနဲ့ဒေသအတွင်း အမြင့်မားဆုံးဖြစ်ကြပါတယ်။ ဒီအခွန်နှုန်းထားသစ်အတိုင်းသာဆိုရင် မြန်မာအနေနဲ့လည်း အမေရိကန်ရဲ့ကုန်သွယ်စည်းကြပ်ခွန် ၄၁ ရာခိုင်နှုန်းနဲ့ အမြင့်ဆုံးဖြစ်တဲ့ ဆီးရီးယားပြီးရင် ဒုတိယ အမြင့်မားဆုံးပါ။
ထရမ့်ပ်က ကမ္ဘောဒီးယားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့မှာတော့ နှုန်းထားတွေကို ၁၉ ဒါမှမဟုတ် ၂၀ ရာခိုင်နှုန်းအထိ သိသိသာသာ လျှော့ချခဲ့ပါတယ်။ သူတို့အားလုံးနဲ့ ကုန်သွယ်စည်းကြပ်ခွန်နှုန်းထားအသစ်တွေအတွက် သဘောတူညီချက်တွေ ရခဲ့ကြပါပြီ။
ကုန်သွယ်စည်းကြပ်ခွန် နှုန်းထားတွေလျှော့ချခဲ့ရာမှာ ခြွင်းချက်အနေနဲ ဘရူနိုင်းနဲ့ ဖိလစ်ပိုင်တို့ရဲ့ ကုန်ပစ္စည်းတွေအပေါ် စည်းကြပ်မှု အနည်းငယ် တိုးလာတာကို တွေ့ရပါတယ်။ ဇူလိုင်လအတွင်း ချုပ်ဆိုခဲ့ တဲ့ သဘောတူညီချက်တစ်ခုမှာ ဖိလစ်ပိုင်ကုန်ပစ္စည်းတွေအပေါ် ကုန် သွယ်စည်းကြပ်ခွန် ၁၉ ရာခိုင်နှုန်း ကို သဘောတူညီခဲ့တယ်လို့ ထရမ့်ပ်က ပြောခဲ့ပါတယ်။
စင်ကာပူနဲ့ အရှေ့တီမောတို့ကိုလည်း ကုန်သွယ်စည်းကြပ်ခွန် ၁၀ ရာခိုင်နှုန်းစီနဲ့ ထရမ့်ပ်ကသဘောတူခဲ့ပါတယ်။ မြန်မာအစိုးရနဲ့ အမေရိကန်အစိုးရအကြား ဒီကိစ္စအတွက် ဆွေးနွေးမှုကို ဘယ်အချိန်မှာ ကျင်းပမယ်လို့ မသိရသေးပေမယ့် မြန်မာနိုင်ငံအပေါ် စည်းကြပ်ခွန်နှုန်းထားအတည်ဖြစ်ပြီလို့တော့ သမ္မတထရမ့်က ကြေညာမှုမပြုသေးပါဘူး။
Ref-CNN
