
MT News
၃၁. ၇. ၂၀၂၅
လာမည့်ခြောက်လအတွင်း ကျင်းပမည့် ရွေးကောက်ပွဲအတွက် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံ ရေးကောင်စီရုံးက အမိန့်အမှတ် (၃/၂၀၂၅) ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို ခန့်အပ်တာဝန်ပေးအပ်လိုက်သည်။
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇၊ ပုဒ်မခွဲ(ခ)နှင့် ပုဒ်မ ၄၂၈ တို့အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌအဖြစ် ဦးသန်းစိုးနှင့် အဖွဲ့ဝင်များအဖြစ် ဦးအောင်မိုးမြင့်၊ ဦးအောင်လွင်ဦး၊ ဦးအောင်စောဝင်း၊ ဦးမြင့်ဦး၊ ဦးခင်မောင်ဦး၊ ဦးမြင့်သိန်း၊ ဦးကိုကိုလွင်၊ ဦးသန်းအောင်ကျော်၊ ဦးခင်ဇော်၊ ဦးမျိုးလှိုင်၊ ဦးသန်းထွတ်သိန်း၊ ဦးတင်ဆွေဝင်းနှင့် ဦးအောင်မြင့်လွင်တို့ကို တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်သည်။
၂၀၂၅ အထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ တတိယအပတ်နှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလဒုတိယအပတ်အတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားထားသည်။
