
၃၁. ၇. ၂၀၂၅
Written by Nyein Kyaw
ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲဝင်များ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲဝင်များနှင့် ဗဟိုဘဏ် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ဒါရိုက်တာအဖွဲ့ဝင်များ ခန့်အပ်တာဝန်မှုများအား အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီမှ ယနေ့တွင် ထုတ်ပြန်ထားသည်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးခြင်းအား အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံးအမိန့်အမှတ် (၇ /၂ဝ၂၅) ဖြင့် ထုတ်ပြန်ခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇၊ ပုဒ်မခွဲ(ခ)အရ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌအဖြစ် ဦးစိုးမင်းဦး၊ အဖွဲ့ဝင်များအဖြစ် ဦးဆန်းမြင့်၊ ဒေါ်ခင်မျိုးမြင့်၊ ဦးရဲနိုင်၊ ဦးစိုးတင့်၊ ဦးကျော်မျိုးထွဋ်တို့ကို ခန့်အပ်တာဝန်ပေးလိုက်ခြင်းဖြစ်သည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးခြင်းအား အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံးအမိန့်အမှတ် (၈ /၂ဝ၂၅) ဖြင့် ထုတ်ပြန်ခဲ့ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲစည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇၊ ပုဒ်မခွဲ(ခ)အရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌအဖြစ် ဦးလွင်ဦးနှင့် အဖွဲ့ဝင်များအဖြစ် ဦးကျော်ဝင်းသိန်း၊ ဒေါ်ကြူကြူဝင်း၊ ဒေါက်တာထွန်းထွန်းဦး၊ ဦးတိုးရီတို့ကို ခန့်အပ်တာဝန်ပေးခဲ့သည်။

အလားတူ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ဒါရိုက်တာအဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးခြင်းအား အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံးအမိန့်အမှတ် (၉ /၂ဝ၂၅) ဖြင့် ထုတ်ပြန်ခဲ့ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇၊ ပုဒ်မခွဲ(ခ)အရ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌအဖြစ် ဒေါ်သန်းသန်းဆွေ၊ ဒုတိယဥက္ကဋ္ဌအဖြစ် ဦးဇော်မြင့်နိုင်၊ ဒေါက်တာလင်းအောင်နှင့် ဦးသက်ထွန်းအောင်တို့ဖြစ်ပြီး ဒါရိုက်တာအဖွဲ့ဝင်များအဖြစ် ဒေါက်တာရီအေး၊ ဦတင်မြင့်၊ ဒေါက်တာလှညွှန့်၊ ဒေါက်တာဇော်ဦးတို့ကို ခန့်အပ်တာဝန်ပေးခဲ့သည်။
