
MT News
၃၁. ၇. ၂၀၂၅
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ကို အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းလိုက်သည်ဟု အမျိုးသားကာကွယ်ရေးနှင့်လုံခြုံ ရေးကောင်စီရုံးက အမိန့်အမှတ်၊ ၁၀ /၂၀၂၅ ဖြင့် ကြေညာချက်ထုတ်ပြန်သည်။
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇၊ ပုဒ်မခွဲ(ခ)အရအမျိုးသားကာကွယ်ရေး နှင့်လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ အဖြစ် ဖွဲ့စည်းတာဝန်ပေးအပ်ရာတွင် အဖွဲ့ခေါင်းဆောင်အဖြစ်ဦးစောထွန်းအောင်မြင့်ကို တာဝန်ပေးအပ်ခဲ့သည်။
အဖွဲ့ဝင်များအဖြစ် ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ စောဒန်နီယယ်၊ ဒေါက်တာဗညားအောင်မိုး၊ ဒေါက်တာမောင်မောင်နိုင်၊ ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊ ဦးဝဏ္ဏမောင်လွင်၊ မန်းငြိမ်းမောင်၊ ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ ဒေါက်တာမှုထန်နှင့် ခွန်စံလွင်တို့ဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။
