
MT News
၃၁. ၇. ၂၀၂၅
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ယခုညပိုင်းတွင် ပြည်ထောင်စုအဆင့်ဌာနများ အဖွဲ့အစည်းများအလိုက် တာဝန်ရှိ ပုဂ္ဂိုလ်များ ဆက်လက် ခန့်အပ်ခဲ့ရာ ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများအား ယခင်အတိုင်း ဆက်လက်ခန့်အပ်တာဝန်ပေးခဲ့သလို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များကိုလည်း ဆက်လက်ခန့်အပ်တာဝန်ပေးခဲ့သည်။
ထို့အပြင် ယနေ့ဖွဲ့စည်းခဲ့သော ဦးညိုစောဦးဆောင်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ ဝန်ကြီးဌာနများအတွက် ဒုတိယဝန်ကြီး ၃၅ ဦးကိုလည်း ခန့်အပ်ခဲ့သလို ဥပဒေရေးရာဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်အဖြစ် ဒေါက်တာထိန်လင်းဦးကို ခန့်အပ်တာဝန်ပေးခဲ့သည်။
ယင်းအပြင် ပြည်ထောင်စုစာရင်းစစ်ချုပ်အဖြစ် ဒေါက်တာခင်နိုင်ဦးနှင့် ဒုတိယစာရင်းစစ်ချုပ်အဖြစ် ဒေါ်နိုင်သက်ဦးတို့ကို ခန့်အပ်တာဝန်ပေးခဲ့သည်။
